ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကချင်ပြည်နယ်မြစ်ကြီးနားနှင့်ဟူးကောင်းက ဝန်ထမ်းများနုတ်ထွက်ကြဖို့ KIO အသိပေးထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ မေ ၁၄/၂၀၂၂ (တိုင်းရင်းသားရေးရာ)
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် ဟူးကောင်းခရိုင်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအား ရာထူးတာဝန်ကနေ နုတ်ထွက်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) က အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။
မေလ ၁၄ ရက် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနှင့် နုတ်ထွက်ခြင်း မရှိခဲ့လျှင် ပြဿနာအကျိုးဆက်များကို တာဝန်ယူမည် မဟုတ်ကြောင်း ခရိုက်အသီးသီးဖော်ပြကြောင်း RFA က သတင်းဖော်ပြသည်။
၎င်းထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး KIO ဗဟို၏ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း အတည်ပြုပြောဆိုသည်ဟု ဆိုသည်။
အသိပေးထားသည့် ကြေညာချက်အတိုင်း နုတ်ထွက်မှုမရှိဘဲ စစ်ကောင်စီလက်အောက်မှာ ဆက်လုပ်ကိုင်မယ့် ဝန်ထမ်းများအပေါ် ထိုက်သင့်သည့် အရေးယူမှုများ ရှိလာနိုင်သည်ဟု လည်း KIO ဗိုလ်မှူးကြီး နော်ဘူက ပြောကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။
ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို နောက်ဆုံး နုတ်ထွက်ကြရမည့် အချိန်သတ်မှတ်ထားခြင်း မရှိဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေများဖြစ်ကြသည့် ဘားအံ၊ ဖာပွန်နှင့် ကော့ကရိတ် နေရာသုံးခုတွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်နိုင်ရေးကို ရည်ရွယ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ