မလေးရှားထိန်းသိမ်းရေးစခန်းများတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသား ၄၀ ဦးကိုပြန်လည်ပို့‌ဆောင်


နိရဉ္စရာ၊ မေ ၂၅/၂၀၂၀ (မြန်မာရေးရာ)
မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၄၀ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်ဟု သတင်းရရှိသည်။
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများသည် BELANTIK ထိန်းသိမ်းရေး စခန်းမှ မြန်မာနိုင်ငံသား ၄၀တို့အား အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ၏ ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ယနေ့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကွာလာလမ်ပူမြို့ ရှိ မြန်မာသံရုံး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြစ်ဒဏ်ကျခံခဲ့ရပြီး မလေးရှား ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူ မြန်မာနိုင်ငံသားများအား သံရုံးတာဝန်ရှိသူများ သွားရောက်တွေ့ဆုံ၍ ၎င်းတို့ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဖော်ပြထားသည်။
(ဓာတ်ပုံ- မြန်မာသံရုံး၊ မလေးရှား ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်)

Share: