မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ဒေသကာကွယ်ရေးတပ်ဖွဲ့- PDF ရေစကြိုမှ ဝယ်ယူထားသော လက်နက်ခဲယမ်းများဇွန်လ၆ ရက်တွင် ဖမ်းဆီးခံ၇သည်။
ထိုသို့ဖမ်းဆီးခံ၇ခြင်းမှာ မှန်ကန်ကြောင်း ဇွန် ရရက်နေ့တွင် ၎င်းအဖွဲ့မှ ထုတ်ပြန်သည်။
ဖမ်းဆီးခံ၇သည့် မောင်းပြန် သေနတ် ၂၂ လက် ၊ ကျည်ဘောက်များနှင့် ကျည်ဆံ ၄၀၀၀ကျော်နှင့် ယာဥ်မောင်း ၄ ဦးဖြစ်ကြောင်း သိ၇သည်။
အဆိုပါလက်နက်ခဲယမ်းများ အောင်မြင်စွာရောက်ရှိရန် အခြေအနေတခုအလိုတွင်ကားချို့ယွင်းမှုကြောင့် စစ် ဆေးဖမ်းဆီးခံလိုက်၇ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်ကမူ ၎င်းလက်နက်များကို ကားတစ်စီးနှင့် အတူ မကွေးတွင်ဖမ်းဆီးရမိပြီးရေစကြိုမှပြည်မြို့သို့ပို့ဆောင်မည့်လက်နက်ခဲယမ်းများဟုဖော်ပြသည်။