English Edition
သောကြာနေ့၊ ဇူလိုင်လ ၀၄ရက်၊ ၂၀၂၅
လှူရန်
Preview
ဧရာ၀တီတိုင်း ငရုတ်ကောင်းမြို့အနီးတွင် စစ်ကောင်စီနှင့်ဒေသPDF တို့တိုက်ပွဲဖြစ်
ဇွန် ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :6631
ပြည်တွင်း သတင်း
Narinjara News (ဇွန် ၁၅/ ၂၀၂၂)
ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ဆက်စပ်နေသည့် ဧရာ၀တီတိုင်း၊ ငပုတောမြို့ နယ် ၊ ငရုတ်ကောင်းကမ်းခြေမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF အကြား ယခုလ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ အမျိုးသမီး ၅ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု သတင်းရရှိသည်။
ဇွန် ၁၃ ရက် နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တပ်ဖွဲ့တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံ ကရင်တစ်ဦးအား ဖမ်းဆီးလာခဲ့ပြီး ၎င်းအား လမ်းပြခိုင်းကာ PDF ကညင်တောင် စခန်းကို နံနက် ၁၁ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ အခုတိုက်ပွဲဖြစ်ပွားတာက ငရုတ်ကောင်းကမ်းခြေမြို့ အနီးမှာရှိတဲ့ စမ်းချောင်းအဖျားပိုင်းနဲ့ ဆင်ငံရွာအကြားမှာရှိတဲ့ PDF ကညင်တောင်စခန်းကို စစ်ကောင်စီတပ်က သွားရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အပြန်အလှန် တစ်ဒိုင်းဒိုင်းနဲ့ ပစ်ခတ်ကြတာက တစ်နာရီလောက်ကြာမယ်။ မြို့ထဲကလူတွေ လည်း သေနတ်သံတွေကြားတော့ လန့်ကုန်ကြတယ်”ဟု ပြောဆိုသည်။
တိုက်ပွဲအတွင်း PDF တစ်ဦး သေပြီး၊ တစ်ဦး အရှင်ဖမ်းမိသွားကာ သေနတ်တစ်လက်ကိုလည်း စစ်ကောင်စီဘက်က ရရှိသွားသည်ဟု ကြားသိရကြောင်း ၎င်းငရုတ်ကောင်း ဒေသခံက နီးစပ်သော ရဲသတင်းကို ကိုးကားပြောဆိုသည်။
သေဆုံးသူမှာ စမ်းချောင်းအနီး နေထိုင်သည့် ဒေသခံ သာမန် တောင်သူ တစ်ဦးဖြစ်ပြီး အဖမ်းခံရသည့် ကရင်လူမျိုးမဟုတ်ကြာင်း၊ ၎င်းပြင် ငရုတ်ကောင်းမြို့ထဲက အမျိုးသမီး ၅ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းသွားခဲ့ကြောင်း ၎င်းကဆက်ပြောဆိုသည်။
၎င်းတိုက်ပွဲကို ဧရာ၀တီတော်လှန်ရေးအင်အားစု အဖွဲ့ဝင်တစ်ဦး အတည်ပြုပြီး PDF ဘက်က ကျဆုံးသူ မရှိကြောင်း၊ ရန်သူဘက်က ၂ဦး ထိမှန်သွားခဲ့ကာ လက်နက်ကြီးပစ်ကူမှု ပြုလုပ်ကာ စစ်ကောင်စီတပ်က စခန်းကို မသိမ်းနိုင်ပဲ နောက်ပြန်ဆုတ်သွားခဲ့သည်ဟု ဒေသအတွင်းက မီဒီယာများကို ပြောဆိုသည်။
ဇွန်လ ၁၅ရက် အထိ ရဲ၊ ပျူစောထီးအဖွဲ့ များ အပါအဝင် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ဝန်းကျင်လောက်သည် ငရုတ် ကောင်းမြို့နှင့် အနီးအနားရှိ စမ်းချောင်းတွင် စခန်းချ နေရာယူထားသည်ဟု ဒေသခံများက ပြောကြားသည်။
#စစ်ရေး#ကျေးလက်နေပြည်သူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.