ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၉ ခုရှိသော်လည်း ရန်ကုန်ဆိပ်ကမ်းတစ်ခုမှအပ ကျန်ဆိပ်ကမ်းများမှာ ပြည်တွင်း ဆိပ်ကမ်းအဆင့်သာရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဉ္စရာ၊ ဇွန် ၁၉/ ၂၀၂၂


မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ () ခုရှိသော်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုမှအပ ကျန်ဆိပ်ကမ်း ခုမှာ ပြည်တွင်းဆိပ်ကမ်းအဆင့်သာရှိကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

၎င်းဆိပ်ကမ်း ခုမှာ ရန်ကုန်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ပုသိမ်၊ သံတွဲ၊ စစ်တွေနှင့် ကျောက်ဖြူမြို့ ဆိပ်ကမ်းတို့ ဖြစ်ကြသည်ဟု ဆိုသည်။

ရန်ကုန်ဆိပ်ကမ်း တစ်ခုသာ  နိုင်ငံတကာကုန်သွယ်ရေးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး ကျန်မြို့ ()မြို့ရှိ ဆိပ်ကမ်းများသည် ပင်လယ်ရေကြောင်းလမ်းဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသော်လည်း ပြည်တွင်းဆိပ်ကမ်းအဆင့်သာရှိသည်ဟု ဖော်ပြသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေဆိပ်ကမ်းသည် ဗြိတိသျှ အင်္ဂလိပ်တို့ အုပ်စိုးစဉ်က အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းအပါအဝင် နိုင်ငံတကာ ဆိပ်ကမ်းများနှင့် ကုန်သွယ်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၎င်းအခွင့်အရေးများကို ရုပ်သိမ်းခံခဲ့ရသည်ဟု သိရသည်။

လက်ရှိ စစ်ကောင်စီ အစိုးရသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။

၎င်းဆိပ်ကမ်းအတွက် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများစတင် ဖိတ်ခေါ်ထားကြောင်း၊ ၎င်းဆိပ်ကမ်းကို မော်လမြိုင်မြို့အနီး မုဒုံမှာတွင် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ