English Edition
သောကြာနေ့၊ ဇူလိုင်လ ၀၄ရက်၊ ၂၀၂၅
လှူရန်
Preview
မန္တလေးတွင် မိခင်အိမ်အလည်လာသည့်စစ်သားတစ်ဦးအသတ်ခံရ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်လည်း ဗုံးဖြင့်တိုက်ခိုက်ခံရ
ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :6664
ပြည်တွင်း သတင်း
နိရဉ္စရာ၊ ဇွန် ၂၁/ ၂၀၂၂ ( မြန်မာသတင်း)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် ရပ်ကွက်ကြီးထဲတွင် စစ်သားတစ်ဦး ယနေ့ ဇွန်လ (၂၁)ရက် နံနက်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့၇သည်ဟု ဒေသခံအချို့ကို ကိုးကားပြီး Myanmar Free Press ( MFP ) သတင်းဖော်ပြသည်။
မန္တလေးမြို့ အောင်ချမ်းသာရပ်ကွက်၊ ဝေယံထွန်းကုန်စိမ်းဈေးတောင်ဘက်က မိခင်အိမ်ကို အလည်ဝင်ရောက်သည့် အချိန်တွင် ပစ်ခတ်ခံ၇ခြင်းဖြစ်သည်ဟု ဆိုသည်။
" သူက ဒီရပ်ကွက်ကတော့ မဟုတ်ဘူး၊ သူ့အမေအိမ် အခြားသွားဖို့ လာရင်း လမ်းကြုံလို့ ဝင်တဲ့အချိန် အပစ်ခံ၇တာ ကြားတယ်၊ (၄) ချက် အပစ်ခံ၇တာ၊ ပွဲချင်းပြီးပဲလို့ ကြားတယ် " လို့ ဒေသခံ တစ်ဦးက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို မသိ၇သေးကြောင်း၊
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာကို စစ်ကောင်စီတပ်သားအချို့ ရောက်လာပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ဆိုကြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း သံလျက်မှော် အနောက်ရပ်ကွက်ကြီးထဲတွင် သတင်းပေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် (၄) ဦး ထက်မနည်း အသတ် ခံထား၇သည်ဟု ဆိုသည်။
၎င်းအပြင် မန္တလေးမြို့ (၆၂)လမ်းပေါ်တွင် တည်ရှိသည့် နိုင်ငံခြားဘာသာ တက္ကသိုလ် (MUFL)ကို ယနေ့ ဇွန်လ (၂၁)ရက် အစောပိုင်းမှာ ဗုံးဖြင့် တိုက်ခိုက်ခံခဲ့၇ကြောင်း Popular News တွင် သတင်းဖော်ပြသည်။
ယနေ့နံနက် ၆ နာရီခွဲခန့်က အနှိပ်တော်ရပ်ကွက်၊ ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ နိုင်ငံခြားဘာသာတက္ကသိုလ်အား ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ အမျိုးသား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍ မောင်းနှင် ထွက်ပြေးသွားခဲ့သည်ဟု သိ၇သည်။
လက်ပစ်ဗုံးမှာ ဆိုင်ကယ်များထားသည့် အဆောင်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အမိုးသွပ်ပြားအချို့ ပျက်စီသွားခဲ့သည်။
( Photo by CJ)
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.