ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

နေပြည်တော်တွင် ကျောင်းဆရာ ၃ဦးသေနတ်နှင့်ပစ်ခံရပြီး ၁ဦးသေ ၊ ၁ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

နိရဉ္စရာ၊ ဇွန် ၂၇/ ၂၀၂၂
နေပြည်တော်တွင် ကျောင်းဆရာသုံးဦး သေနတ်နှင့် ပစ်ခံရပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။
၎င်းပစ်ခတ်မှုမှာ နေပြည်တော်အပိုင်၊ ပျဥ်းမနားမြို့နယ် ၊ အလယ်ချောင်း (အောက်)ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဇွန် ၂၅ ရက် ညဉ့်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်တာ ၊ ဆရာ ဦးနေဝင်းထွန်းနှင့် ဆရာဦးလှိုင်မင်းထွန်း ထမင်းစားနေချိန်တွင် သေနတ်သမား နှစ်ဦးက ဝင်ရောက်ပစ်ခတ်သွားသည်ဟု ဆိုသည်။
၎င်းပစ်ခတ်မှုအတွင်း ဆရာနေဝင်းထွန်း (၃၃) နှစ်မှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကာ ဆရာ လှိုင်မင်းထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းများတွင် ဖော်ပြသည်။
ဒဏ်ရာသူ ဦးလှိုင်မင်းထွန်းတွင် ပေါင်နှင့် ဝမ်းဗိုက်မှန်တွ် ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊ လက်ရှိ နေပြည်တော် ခုတင် ၁၀၀၀ မှာဆေးကုသမှုခံယူနေကြောင်း သိရသည်။
ဦးနေဝင်းထွန်းကတော့ ဘယ်ဘက်ရင်ဗိုက်(နှလုံး) ထိမှန် သေဆုံးခဲ့ကာ ခုတင် ၁၀၀၀ ဆေးရုံ ရင်ခွဲရုံမှာ ထားရှိပြီး ယနေ့ သင်္ဂြိုဟ်မည်ဟု သိရသည်။

ဆက်စပ် သတင်းများ