ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရန်ကုန်လှည်းတန်းပစ်ခတ်မှု အမျိုးသမီးတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3k

နိရဉ္စရာ၊ ဇူလိုင် ၄/၂၀၂၂

ရန်ကုန်မြို့၊ ကမာရွတ် လှည်းတန်းတွင် ယနေ့နံနက်က အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

အနီးအနာနေထိုင်သူမျက်မြင် အချို့၏ ပြောပြချက်အရ ပစ်ခတ်မှုမှာ လှည်းတန်းစျေးနှင့် ိန်ဂေဟာအနီး(၂) လမ်းထိပ်တွင် ဖြစ်ပွားခဲ့ကာ သေနတ်သံ ၅ချက်လောက်ကြားခဲ့ရသည်ဟု ဆိုသည်။

ပစ်ခတ်ခံရပြီးနောက် အမျိုးသမီးတစ်ဦးမှာ ပစ်ခတ်ခံရသည့်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကာ နောက်တစ်ယောက်မှာ ဒဏ်ရာရရှိသွားခဲ့သည်ဟု မျက်မြင်များက မီဒီယာများကို ပြောဆိုသည်။

စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် UG များ၏ လှုပ်ရှားမှုကို စစ်တပ်ကို သတင်းပေးနေသည့် အတွက် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မည်သူကမျှ အတည်ပြုနိုင်ခြင်းမရှိသေးဟု ၎င်းတို့ကဆိုသည်။

လက်ရှိတွင် လှည်းတန်းစျေးနှင့် အနီးတစ်ဝိုင်ရှိ လမ်းများကို စစ်တပ်နှင့်ရဲက ပိတ်ဆို့ထားကြောင်း၊ စျေးသည်များလည်း စျေးဆိုင်များ ပိတ်သိမ်းနေကြရကြောင်း သိရှိရသည်။

လှည်းတန်းတွင် ပြီးခဲ့တဲ့ ဇွန် ၃၀ရက်ညပိုင်းကလည်း  လမ်းကဈေးဆိုင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက  ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ