English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ရန်ကုန်တွင် ပြင်းအား ၃ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်၍ တစ်မြို့လုံးနီးပါး တုန်ခါသွားဟုဆို
ဇူလိုင် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7855
ပြည်တွင်း သတင်း
နိရဥ္စရာ၊ ဇူလိုင် ၅/၂၀၂၂
ရန်ကုန်မြို့တွင် ယနေ့နံနက်အစောက ပြင်းအား အနည်းငယ်ရှိသည့် ငလျင်လှုပ်၍ တစ်မြို့လုံးနီးပါးတုန်ခါသွားခဲ့သည်ဟု မြို့ခံများကပြောသည်။
မြို့ခံ ဦးသာဉာဏ်က "ဒီနေ့မနက် ကိုယ်တွေလည်း အိမ်မှာ Breakfast စားနေတုန်း မြေကြီးတုန်ခါပြီးတော့ ဝုန်းဝုန်းဆိုပြီး ဖြစ်လာတယ်။ ဖြစ်စချင်းချင်း အိမ်တစ်ခုလုံးက ပျဉ်ထောင်သွပ်မိုးအိမ်ဆိုတော့ ခေါင်မိုးတွေကအစ ဝုန်းဝုန်းနဲ့ခါသွားတယ်။ အဲဒါနဲ့ ဘေးပတ်ဝန်းကျင်အိမ်တွေကိုလည်း လိုက်မေးကြည့်တော့ သူတို့လည်း အဲလိုမျိုးခံစားလိုက်ရတယ်တဲ့" ဟု နိရဥ္စရာသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင် လှုပ်ခတ်တုန်ခါမှုဒဏ်ကို ပိုမို ခံစားလိုက်၇သည်ဟု မြို့ခံများက ပြောသည်။
မိနစ်ပိုင်းခန့်အကြာလှုပ်ရှားမှုဖြစ်ပွားခဲ့ပြီး ငလျင်လှုပ်ခတ်မှုကြောင့် မည်မျှထိခိုက်၊ ပျက်စီးဆုံးရှုံးမှုရှိသည်ကို မသိသေးကြောင်း မြို့ခံများက ပြောသည်။
နောက်ထပ်ရန်ကုန်မြို့တစ်ဦးကလည်း "ဒီနေ့မနက် ရ နာရီခွဲလောက်ကပေါ့နော်၊ မိနစ်ပိုင်းလောက်ပါ။ ဘုရားစင်က ဘုရားအိုးတွေတောင် လှုပ်သွားတယ်" ဟုပြောသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း “ယနေ့ ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀ရ)နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရန်ကုန်မြို့(လှိုင်မြို့နယ်))၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။”ဟု ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။
ယနေ့နံနက် ၈ နာရီအချိန်ခန့်ကလည်း နီကိုးဘားကျွန်းများနှင့် အန်ဒမန်ပင်လယ်ပြင်အောက်ကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၀ အောက် ငလျင်များ ၂၄ ကြိမ်ထပ်မံလှုပ်ရှားခဲ့ကြောင်း မိုး/ဇလ၏ထုတ်ပြန်ချက်အရ သိ၇သည်။
လက်ရှိတွင် မြန်မာနိုင်ငံတောင်ပိုင်းသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ငလျင်တက်ကြွမှုအရှိဆုံးကာလဖြစ်နေသောကြောင့် ဆက်လက်ပြီး အထူးသတိပြုထားနေရန်လိုအပ်ကြောင်း မြေငလျင်သတင်းများစင်တာက လူမှုကွန်ရက်တွင် သတိပေးထားသည်။ (NN-8)
ဓာတ်ပုံ - မြန်မာတိုင်းမ်နှင့် မိုး/ဇလ
#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.