Preview

ဥကရစ်ထစခန်းကို စစ်ကူလာသည့် စစ်ကြောင်းမှ စစ်သား ၅ ဦး CDM ပြုလုပ်

ဇူလိုင် ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :1573
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၁၁/၂၀၂၂

ထိုင်းမြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ် ဥက၇စ်ထတိုက်ပွဲကို စစ်ကူလာသည့် စကစစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၅ ဦး CDM ပြုလုပ်ခဲ့သည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့က မီဒီယာများကို ပြောသည်။

၎င်းစစ်သား ၅ ဦးမှာ ခမ၇ ၁၂၀ မှ အောင်အောင် တတ-၁၂၄၉၇၈၊ အောင်ငြိမ်းချမ်း တတ-၁၂၄၉၇၉၊ ဇော်ထက်အောင်ကိုယ်ပိုင်အမှတ် တ-၅၆၁၈၂၄၊ အောင်ကျော်ထူး တ-၅၆၆၁၈၁နှင့် ရဲမြင့်မြတ် တတ-၁၂၅၉၉၅ တို့ဖြစ်ကြောင်း သိ၇သည်။

၎င်းစစ်သား ၅ ဦးမှာ ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်က ဝေါလေဒေသမှာရှိသည့်  ဥက၇စ်ထတိုက်ပွဲကို စစ်ကူလာသည့် ဖလူးဒေသ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းက စစ်သားများဖြစ်ကြောင်း သိ၇သည်။

၎င်းတို့သည် ဥကရစ်ထသို့စစ်ကူပို့ရန် ဖလူးကျေးရွာမှ ဇူလိုင်လ ၄ ရက်နေ့မှစစ်ကြောင်းနှင့် အတူ စတင်ွက်ခွာလာခဲ့သူများဖြစ်ပြီး လမ်းတဝက် အရောက်တွင်KNLA ပူးပေါင်းအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့၇သည်ဟု ဆိုသည်။

၎င်းစစ်ကြောင်းသည် ဥကရစ်ထသို့ မရောက်သေးပဲ လမ်းခရီးတွင်ပိတ်မိနေစဉ် ၎င်းတို့အနေဖြင့်  CDM လုပ်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ပူးပေါင်းတပ်ထံ  ဝင်ရောက်ခိုလှုံခဲ့သည်ဟု ဆိုသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ အပြောအ၇ ၎င်းတို့သည်  ဇူလိုင်လ၉ ရက်ညက ဒဏ်ရာ၇ စစ်ကောင်စီတပ်သားလူနာကိုပို့ဆောင်ပြီး အပြန်လမ်းတွင်  KNLA ပူးပေါင်းတပ်ဖွဲကို ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.