အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရန်ကုန်မြို့ မြေနီကုန်းဗုံးပေါက်ကွဲမှုတွင် ၁ ဦးသေ၍ ၇ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ ဇူလိုင် ၁၂/၂၀၂၂
ယနေ့ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းက စမ်းချောင်းမြို့ နယ်၊ မြေနီကုန်း ဂုံးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ အမျိုး သမီးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Popular News တွင် သတင်းဖော်ပြသည်။
သေဆုံးသူ အမျိုးသမီးမှာ လှိုင်သာမြို့နယ်နေ မအေးပြည့်ပြည့်ဇော် ဆိုသူဖြစ်ပြီး ရင်ဘတ် ဗုံးစထိမှန် ဒဏ်ရာဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ပရဟိတသမားတစ်ဦးကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။
တခြားဒဏ်ရာရသူများမှာ ကိုရဲလင်းအောင် (ဒဂုံတောင်)၊ မဖြိုးမွန်ခိုင် (ဒဂုံတောင်)၊ မအိမွန်ခိုင် (ဒဂုံတောင်)၊ မပပ (ကြည့်မြင်တိုင်)၊ ဝေဖြိုးမောင် (ရွှေပြည်သာ)၊ စိုးစန္ဒာဝင်း (မှော်ဘီ)၊ ဝေယံဦး (သာကေတ) တို့ဖြစ်ကြပြီး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်းရသည်ဟု ဆိုသည်။
ယနေ့ ညနေ (၃) နာရီခွဲဝန်းကျင်တွင် မြေနီကုန်း ဂုံးတံ တား အောက်ရှိ ယာဉ်ထိန်းရဲရုံးကို လက်ပစ်ဗုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွား လမ်းလာပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
၎င်းအပြင် အဆိုပါ ယာဉ်ထိန်းရဲ ရုံးအနီးတွင် စနက်တံဖြုတ်ပြီးသား မပေါက်ကွဲသေးသည့် လက်ပစ်ပုံး တစ်လုံးတွေ့ရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက ရှင်းလင်းခဲ့ရကြောင်း သိရသည်။
အလားတူ ယနေ့ နေ့လယ်ပိုင်းကလည်း လှိုင်သာယာ (၅)ထိပ် ပန်းခြံအနီး ဗုံးပေါက်ကွဲ ၊ (၂) ဦး ဒဏ်ရာရပြီး ၁ ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။
တာမွေမြို့နယ်တွင်လည်း ဗုံးတွေ့ရှိသဖြင့် သက်ဆိုင်ရာက ရှင်းလင်းခဲ့ရကြောင်း သိရသည်။
(ဓာတ်ပုံ- ပေါ်ပြူလာ)

ဆက်စပ် သတင်းများ