Preview

မန္တလေးတွင် KBZ ဘဏ်ခွဲတစ်ခု ဓားပြတိုက်ခံ၇ပြီး သိန်း ၁၈၀၀ ခန့်ပါသွား

ဇူလိုင် ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :6585
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၁၅/ ၂၀၂၂

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင် KBZဘဏ်ခွဲတစ်ခု ဓါးပြတိုက်ခံ၇ပြီး ကျပ်သိန်း ၁၈၀၀ ပါသွားသည်ဟု ဒေသတွင်းသတင်းများအရ သိ၇သည်။

၎င်းဓားပြတိုက်မှုမှ ယနေ့  နေလယ် ၁၂နာရီကျော်အချိန်ခန့်ကပြည်ကြီးတံခွန်မြို့နယ် (ဇ) ရက်ကွက်၊ ၁၃၃လမ်းနှင့် ၁၃၄ လမ်းကြား၊ ၇၈လမ်း စက်မှုပန်းခြံအနီးရှိ  KBZဘဏ်ခွဲ-၄၂ တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

၎င်းဓားပြတိုက်မှုကို ဆိုင်ကယ်စီးနင်းလာသည်အဖွဲ့တစ်ဖွဲ့ကဘဏ်အတွင်းက ဝန်ထမ်းများကို သေနတ်ဖြင့်ချိန်ရွယ်ပြီး ငွေကျပ် သိန်း ၁၀၀ခန့်ကို ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

၎င်းအဖွဲ့ မထွက်ခွာမီဘဏ်အတွင်းရှိ  ကွန်ပျူတာပစ္စည်းတချို့ကိုလည်း ပုဆိန်ဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့ပြီးလက်လုပ်မိုင်းတစ်ခုကိုလည်းကောင်တာပေါ်တင်သွားခဲ့သည်ဟု သိ၇သည်။

လက်ရှိ အချိန်တွင်စက်မှုပန်းခြံ KBZဘဏ် အနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်များ ကပိတ်ဆို့ကာ စ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့်ဇူလိုင်လလည်း မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်မှာရှိသည့်  ကမ္ဘောဇဘဏ်ခွဲ တစ်ခု ဓားပြတိုက်ခံ၇သည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.