ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ကိုနယ်ပြောင်းခံရသည့် ဧရာ၀တီတိုင်းကနယ်ထိန်းရဲ စခန်းကနေထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ ဇူလိုင်လ ၂၆ ရက်

ဧရာဝတီတိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် နယ်ထိန်းရဲတစ်ဦးသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ခံရသဖြင့် စခန်းကနေ ထွက်ပြေးသွားခဲ့သည်ဟု ဧရာ၀တီတိုင်းမ်တွင် သတင်းဖော်ပြသည်။

၎င်းနယ်ထိန်းမှယ ရေကြည်မြို့နယ် ရေကြည်မြို့မရဲစခန်းက ငပိဆိပ်ချောင်းဖျားကျေးရွာဘက်တွင်  တာဝန်ကျနေသည့် နယ်ထိန်းရဲတဦးဖြစ်ပြီး ဖြစ်ပြီး  ဇူလိုင်လ ၁၉ ရက်နေ့က စခန်းမှ  စွန်ခွာထွက်ပြေးသွားခဲ့ကြောင်း ရေကြည် ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကို ကိုးကားပြီး သတင်းဖော်ပြသည်။  

အဲ့ဒီနယ်ထိန်းရဲဟာ အခုလအစောပိုင်းမှာ ရခိုင် ပြည်နယ်အတွင်းကို ပြောင်းရွှေ့ အမိန့်ကျလာတာ ဖြစ်ပြီး မပြောင်း ရွှေ့လိုတာကြောင့် စွန့်ခွာထွက်ပြေးတာလို့သိရပါတယ်။ အခုသူထွက်ပြေးတယ် ဆိုတဲ့ သတင်းကို ဖုံးဖိထားကြတယ်။အဓိကတော့ သူ့ကိုရခိုင်ပို့တဲ့ ဖိအားတွေနဲ့ မသွားချင်တာကြောင့် စခန်းကနေထွက်ပြေးသွားတာလို့ သိရတယ်'' ဟု ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် သူ့မှာ လွတ်မြောက်သွားသည့် အခြေအနေမှာမရှိသေးဖြင့် လုံခြုံရေးအရ နယ်ထိန်းရဲ အမည်ကို ထုတ်ဖော် မပြောဆိုသေးဟု ဆိုသည်။

လက်ရှိမှာ စွန့်ခွာထွက်ပြေးနေသည့်  နယ်ထိန်းရဲကို ရေကြည်မြို့နယ်နှင့် အနီးတဝိုက်တွင်  စစ်ကောင်စီက လိုက်လံရှာဖွေနေပြီး သူစွန့်ခွာထွက်ပြေးသွားပြီးနောက် ခြားရဲတပ်သားများကိုလည်း စည်းကမ်းတင်းကြပ်ပြီး ထိန်း ချုပ်ထားသည်ဟု သိရသည်။

လတ်တလော ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)  တို့အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ တပ်သားများ အပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် နယ် ခြားစောင့်ရဲများ တိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိနေသလို အရှင်ဖမ်းဆီးခံရမှုတွေလည်းရှိနေသည်။

ယခုလ ပထမအပတ်ကလည်း မအူပင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ဦး စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး ၂ ဦးပြန် လည်ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

 Photo by Myanmar Chronicle



ဆက်စပ် သတင်းများ