Preview

လုံခြုံရေးတင်းကျပ်ထားသည့်ရန်ကုန်မြို့တော်ခန်းမထိ ဗုံးခွဲတိုက်ခိုက်မှုဖြစ်လာ၊ ရဲ ၄ဦးနှင့်စည်ပင်ဝန်ထမ်း၂တို့ဒဏ်ရာရ

ဇူလိုင် ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :2357
ပြည်တွင်း သတင်း
နိရဉ္စရာ၊ ဇူလိုင် ၃၁/ ၂၀၂၂ (မြန်မာရေးရာ)

လုံခြုံရေး တင်းကျပ်ထားသည့် ရန်ကုန်မြို့လယ်ခေါင်၌ တည်ရှိသည့်  မြို.တော်ခန်းမ အထိ ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပေါ်လာခဲ့ပြီး ယမန်နေ့က တိုက်ခိုက်မှု အတွင်း ရဲတပ်ဖွဲ့ဝင် ဦးနှင့် စည်ပင် ဝန်ထမ်း ဦးတို့ ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

၎င်းတိုက်ခိုက်မှုသည် မြို့တော်ခန်းမ အနောက်ဘက်ဂိတ်တွင် ဇူလိုင် ၃၀ ရက် နေ့လည် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သံဆူးကြိုးအတားအဆီးများဖြင့် ပိတ်ထားသော မြို့တော်ခန်းမအနောက်ဖက်အနီး ဖြတ်သန်း သွားလာနေသူထဲမှ လူနှစ်ဦးက လက်ပစ်ဗုံးဖြင့် ရဲများကိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတိုက်ခိုက်မှုသည် များမကြာသေးမီက နိုင်ငံရေးအကျဥ်းသားလေးဦးကို စစ်ကောင်စီက ကွပ်မျက် သတ်ဖြတ်ခဲ့ခြင်းအပေါ် စစ်တပ်ထောက်ခံသူများက ဇူလိုင် ၂၉ ရက်နေ့ ထောက်ခံပွဲ ပြုလုပ်အပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲ ဦးနှင့် စည်ပင် ဦးတို့ ဒဏ်ရာရရှိသွားပြီး သေဆုံးသူ မရှိကြောင်း၊ မေးမြန်းစစ်ဆေးမှုများမှ အပ ဖမ်းဆီးခံ၇သူလည်း မရှိကြောင်း သိ၇သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြို့တော်ခန်းမအနီးတစ်ဝိုက်တွင် လုံခြုံရေးကို ပိုမို တင်းကျပ်လိုက်ပြီး လမ်းများကိုပိတ်ဆို့ထားကာ စစ်သားနှင့်ရဲများဖြင့် လုံခြုံရေးတင်းကျပ်ထားသည်ဟု သိ၇သည်။  


(ဓာတ်ပုံ- Myanmar Now)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.