နိရဉ္စရာ၊ ဇူလိုင် ၃၁/ ၂၀၂၂
ယနေ့ ဇူလိုင် ၃၁ရက် နံနက်က နေပြည်တော်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ပြီး စစ်ကောင်စီ သက်တမ်းကို နောက်ထပ်(၆) လတိုးလိုက်သည်ဟု သတင်းရရှိသည်။
နိုင်ငံတော် အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည်မှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ရေတွက်လျှင် ယနေ့ ဇူလိုင် ၃၁ရက်နေ့တွင် တစ်နှစ်နှင့် ခြောက်လပြည့်သဖြင့် နောက်ထပ် သက်တမ်း (၆) လ တိုးမြှင့်ခြင်းဖြစ်ကြောင်း သိ၇သည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ အရေးပေါ်ကာလကို (၂) နှစ် အထိကြေညာနိုင်ပြီး (၁) နှစ်သက်တမ်း တစ်ကြိမ်နှင့် (၆) လ သက်တမ်း (၂) ကြိမ်သက်တမ်းတိုးခွင့် ရှိဟု ဆိုသည်။
၎င်းအစည်းအဝေးသို့ ယာယီသမ္မတဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဟောင်းဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိ ယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်း၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် ကာလုံအဖွဲ့ဝင်များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့သည်ဟု သိ၇သည်။
လက်ရှိစစ်ကောင်စီသည် အာဏာသိမ်း သက်တမ်း (၂) နှစ်ပြည့်မြောက်သည့် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းတစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အထွေထွေ ရွေးကောက်ပွဲကို PRစနစ်ဖြင့် ကျင်းပပေးရန် စီစဉ်နေသည်ဟုသိ၇သည်။
၎င်းရွေးကောက်ပွဲကို NLD ပါတီနှင့်နိုင်ငံတကာ ကန့်ကွက်မှုများ ရှိနေသည်။