နိရဉ္စရာ၊ ဩဂုတ် ၁၅/၂၀၂၂
ယနေ့ နံနက်က ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှရဲမှူးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး တရားဥပဒေအရာရှိနှင့် ရုံးလုပ်သားတစ်ဦးကိုအရှင် ဖမ်းမိခဲ့ပြီး လက်နက် ၆ လက် ရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုကသတင်းထုတ်ပြန်သည်။
မြန်မာစစ်တပ်မှလူနေကျေးရွားများသို့လက်နက်ကြီး အချက် ၅၀ထက်မနည်းပစ်ခဲ့ပြီး အရပ်သားတစ်ဦးစိုးရိမ်ရဒါဏ်ရာ ရရှိခဲ့သည်ဟုဆိုသည်။
ယနေ့တိုက်ပွဲသည် နံနက် ၁၁ နာရီဝန်းကျင်ခန့်အချိန်တွင်ကော့ကရိတ်မြို့တွင်းသို့ ကရင်အမျိုးသားတပ်တော် (KNLA) ပူးပေါင်းတပ်ဖွဲ့များမှရဲစခန်း ၂ ခု နှင့် စစ်ကောင်စီဘဏ် လုံခြုံရေးကတုတ် ကင်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်သတင်းစဉ်(KIC) ကသတင်းဖော်ပြသည်။
KNLA ပူးပေါင်းတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာလာချိန်တွင် စစ်ကောင်စီ ၉၇ တပ်မှ၁၃၀ မမ လက်နက်ကြီးများဖြင့် ရန်ကုတ် ၊ နောင်နိုင်းကုန်း၊ သာယာကုန်း၊ အံကောင်ကျေးရွာများဘက်သို့ ပစ်ခတ်မှုကြောင့် အံကောင် ကျေးရွာတွင် လူနေအိမ် (၂)လုံး၊ ဆိုင်ကယ်(၂)စီး ထိခိုက်ပျက်စီးခဲ့ပြီး အံကောင်ကျေးရွာမှ အသက် (ရရ)နှစ် အရွယ်လူကြီး ၁ ဦးလက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင်ရန်ကုတ်နောင်နိုင်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံရွာသား မိသားစုဝင် (၅)ဦး ထိခိုက်ဒဏ်ရာ၇ခဲ့ပြီးအသက်(၂)နှစ်အရွယ်ကလေး တစ်ဦးဗိုက်ပွင့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။