ကုလအတွင်းရေးမှူးချုပ်၏ အထူးသံတမန် နိုလင်းဟေဇာ မြန်မာပြည်လာမည်


နိရဉ္စရာ၊ ဩဂုတ် ၁၆/ ၂၀၂၂

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်  မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) သည် ယနေ့ မြန်မာနိုင်ငံကို လာရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။

 

ထုတ်ပြန်ချက်ထဲတွင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရန်နှင့် လိုအပ်နေသူများ အားလုံးထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နောက်ဆုံးတောင်းဆိုမှုအပြီးတွင် သူမသည် ဆိုးရွားနေသော အခြေအနေများနှင့် အခြားအလေးထားစရာကိစ္စရပ်များကို သူ့ကိုပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ  အဓိကထားဖြေရှင်းရန်သွားရောက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

အထူးသံတမန်၏ ခရီးစဉ်အတွင်းတွင် နိုင်ငံရေးအဝန်းအဝိုင်းမှ ပါဝင်ပတ်သက်သူများ၊  အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအဝင် ဖြစ်ပွားနေသောလက်ရှိပဋိပက္ခများကြောင့် ထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းမ အားလုံးသူနှင့် ကျယ်ပြန့်စွာညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဆိုသည်။

Share: