Preview

စစ်ကောင်စီနှင့် တွေ့ဆုံသည့် လားဟူအဖွဲ့ တရားမဝင်ဟု LDU ထုတ်ပြန်

သြဂုတ် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :3278
ပြည်တွင်း သတင်း

နိရဉ္စရာ၊သြဂုတ် ၂၂/ ၂၀၂၂


စစ်ကောင်စီနှင့်နေပြည်တော်၌ သွားရောက် တွေ့ဆုံသည့် လားဟူအဖွဲ့သည်တရားမဝင်ကြောင်း လားဟူ ဒီမိုကရက်တစ် (LDU) အစည်းအရုံးက သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ချက်ကို ကိုးကားပြီး  MeKongNews က သတင်းဖော်ပြသည်။

 

စစ်ကောင်စီကျင်းပမည့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးပွဲ တက်ရာက်သော ကျာဆော်လမွန် ဦးဆောင်သောအဖွဲ့သည် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ကို ကိုယ်စားမပြုကြောင်းနှင့် LDUအမည်ကို ထပ်မံအလွဲသုံးစား ပြုလုပ်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

 

ထို့အပြင်စစ်ကောင်စီနှင့် ပူးပေါင်းပြီး လားဟူ အမျိုးသားများ စည်းလုံး ညီညွတ်ရေးနှင့်ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရှေးရှုခြင်း မဟုတ်ဘဲ မိမိကိုယ်ကျိုးစီးပွား အတွက် လုပ်ဆောင်နေခြင်း အပေါ် ရှုတ်ချကြောင်းနှင့်ဆောင်ရွက်နိုင်သော နည်းလမ်းများဖြင့် ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့ကိုတုံ့ပြန်မည် ဖြစ်ကြောင်း ဖော်ပြသည်။

 

ကျာဆော်လမွန်ဦးဆောင်သော အဖွဲ့ အနေဖြင့် LDU အမည်ကိုအလွဲသုံးစား မပြုရန် အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်း မရှိသည့်အပေါ် ပြင်းထန်စွာရှုတ်ချ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီကဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ဟု LDU ဥက္ကဋ္ဌ ကျာခွန်ဆာနှင့် ဒုဥက္ကဋ္ဌကျာဟား တို့က ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း အထွေထွေ အတွင်းရေးမှူး ကျာဆောလမွန်သည်အလုပ်အမှုဆောင်အချို့နှင့် ဆွေးနွေးပြီး ပထမအကြိမ် အဖြစ် ဇူလိုင် ရ ရက်နေ့ကနေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။

 

ပထမအကြိမ်စစ်ကောင်စီနှင့် ဆွေးနွေးပြီး ဗဟိုကော်မတီ အစည်းအဝေးကို ဇူလိုင် ၂၇ ရက်နှင့် ၂၈ရက် နှစ်ရက် ပြုလုပ်ခဲ့ပြီး ကျဆော်လမွန်ကို ဥက္ကဋ္ဌ၊ ကျာဖူးက ဒုဥက္ကဋ္ဌအဖြစ်ဗဟိုကော်မတီဝင် ၉ ဦးဖြင့် ရွေးချယ်တင်မြှောက်ကြောင်း ဇူလိုင် ၂၈ ရက်ကကျာဆော်မွန်အဖွဲ့က ထုတ်ပြန်ထားသည်။


ကျာဆော်မွန်အဖွဲ့၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၏ ဥက္ကဋ္ဌသစ်နှင့်ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အသစ်များကို ပြန်လည်ရွေးချယ်ခြင်း ကိစ္စ တရားမဝင်ကြောင်း LDU ခေါင်းဆောင် ကျာဟားက နောက်တစ်ရက်တွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။


ကျာဆော်လမွန်ဦးဆောင်သော အဖွဲ့သည် စစ်ကောင်စီနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရန် ယမန်နေ့ သြဂုတ်၂၁ ရက်က နေပြည်တော်သို့ ရောက်ရှိနေကြောင်း သိရှိ၇သည်။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.