နိရဉ္စရာ၊ ဩဂုတ် ၂၅
မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းကို စစ်ကောင်စီတပ်များက ယမန်နေ့ သြဂုတ်၂၄ ရက်ညပိုင်းမှာ ရန်ကုန်မြို့က ၄င်းတို့နေအိမ်ကနေ ဖမ်းဆီးသွားကြောင်း ဘီဘီစီ(မြန်မာပိုင်း)က သတင်းဖော်ပြသည်။
မစ္စဗစ်ကီဘိုးမန်းကိုစစ်ဆေးဖို့ရှိသည်ဟု ဆိုကာလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကအဖော်လိုက်ပါသွားကြောင်းမစ္စဗစ်ကီဘိုးမန်း၏ မိသားစုနှင့် နီးစပ်သူများကို ကိုးကားပြီး သတင်းမှာဖော်ပြထားသည်။
မစ္စဗစ်ကီဘိုးမန်းကို လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေနှင့် ငြိစွန်းမှုဖြင့် စွပ်စွဲထားသည်ဟု ကနဦးသိ၇ကြောင်းနှင့် ချုပ်ရက်၇မန်ယူဖို့ပြင်ဆင်နေသည်ဟု သိ၇ကြောင်းဆိုသည်။
အခုဖြစ်စဥ်နှင့် ပတ်သက်ပြီး ဗြိတိန်သံရုံး၏ ပြောခွင့်၇ပုဂ္ဂိုလ်ကလည်း ဖမ်းခံ၇မှု ဖြစ်စဥ်မှန်ကန်ကြောင်းအတည်ပြုကြောင်း ဘီဘီစီကိုပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။