Preview

ရန်ကုန်တိုင်း သန်လျင်တွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရ ဦးသေ

စက်တင်ဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :2528
ပြည်တွင်း သတင်း

နိရဉ္စရာ၊စက်တင်ဘာ /၂၀၂၂

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်ကောင်စီတပ်သားအချင်းချင်း စကားများပြီး ပစ်ခတ်မှုဖြစ်ပွား၍ ဦးသေဆုံးသွားခဲ့ကာ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ရန်ကုန်ခေတ်သစ်တွင် ယနေ့ သတင်းဖော်ပြသည်။

၎င်းပစ်ခတ်မှုသည် ဩဂုတ်လ ၃၁ ရက်နေ့ ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာတွင် လုံခြုံရေးတာဝန်ချ ထားသည့် စစ်ကောင်စီတပ်သား ဦးက အချင်းချင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်သား ဦးက  အခြား စစ်သားနှင့်မိသားစုဝင် ဦးကိုပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၎င်းသတင်းတွင် ဆက်လက်ဖော်ပြသည်။

ပစ်ခတ်သည့် စစ်သား ဦးသည် လက်နက်များဖြင့် ထွက်ပြေးသွားပြီး ဖမ်းဆီးရမိခြင်းမရှိသေးသဖြင့် ယနေ့ သန်လျင်တစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း စစ်တပ်သတင်းရင်းမြစ်များကို ကိုးကားပြီး ၎င်းသတင်းကဆိုသည်။

စစ်သား ဦးသည် လက်နက်ဖြင့် လွတ်မြောက်သွားကြောင်း၊ လုံခြုံရေး ကင်းစောင့်သည့်ကိစ္စ ရန်ဖြစ်ရာမှ စကားများကြပြီး အချင်းချင်း ပြန်လည်ပစ်ခတ်ကြခြင်းဖြစ်ကြောင်း၊ တစ်မြို့လုံးပိတ်ဆို့ပြီး ရှာဖွေနေကြောင်း၊  မြစ်ထဲမှာလည်း လှေ သင်္ဘောများကို  အကုန်စစ်ကြောင်း၊ ကုန်းလမ်းတွင်လည်းသန်လျင်တံတား၊ ကုလားဝဲတံတားအကုန်ပိတ်ဆို့ စစ်နေကြောင်း၊  ၎င်းသတင်းကဆိုသည်။

သန်လျင်တံတားအဆင်း တိုင်းရင်းသားကျေးရွာရှေ့ တွင် ကားပေါ်က ဆင်းခိုင်းပြီး ခွေးများဖြင့်  လွယ်အိတ် ကအစ စစ်ဆေးနေပြီး ယောကျာ်းလေးများကို  mask များကိုပါ ချွတ်ခိုင်းကာ စစ်ဆေးနေကြောင်း  ပြည်သူတစ်ဦးက ပြောသည်ဟုသတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် သန်လျင်မြို့နယ် ရပ်ကွက်တချို့ကိုလည်း ရဲကားနှင့်စစ်ကားတချို့ လှည့် လည် ရှာဖွေမှုများရှိနေသည်ဟု သိရှိ၇သည်။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.