နိရဉ္စရာ၊ စက်တင်ဘာ ၂၈/၂၀၂၂
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကုန်းကို ယနေ့ စက်တင်ဘာလ (၂၈)ရက် နံနက် (၆)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံးသွားခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ကို ကိုးကားပြီး ကရင်သတင်းစဉ် (KIC) က သတင်းဖော်ပြသည်။
KNLA တပ်ရင်း(၁၆)တပ်ခွဲ(၂)တပ်ဖွဲ့မှ ထိုစခန်း ကုန်းကို (၁)နာရီကျော်ခန့် တိုက်ခိုက်ပြီးနောက် တက်ရောက်သိမ်းပိုက်လိုက် ခြင်းဖြစ်ကြောင်း၊ စခန်းထိုင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်သား (၁၃)ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ(၇)လက်နှင့် ကျည်ဆံများသိမ်းဆဲ၇မိခဲ့ကြောင်း (KNLA)တပ်ရင်း ၁၆၊ တပ်ခွဲမှ တပ်စုမှူး စောကရိ က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
“ဒီမနက်(၆)နာရီမှာ ဘုရားတောင် ခလ၇(၂၈၃)စစ်တပ်စခန်းကို တက်သိမ်းတာ။ အဲ့မှာ စစ်သား (၁၃ )ယောက်ပဲရှိတယ်။ ဒုတပ်ရင်းမှူးအပါအဝင် အကုန်းလုံးသေတယ်။KNLA တပ်ရင်း ၁၆ တပ်ခွဲ ၂ တပ်ဖွဲ့က စခန်းတက်သိမ်းတာ။ သေနတ်က ၇ လက်၇တယ်။ ကျည်ဆံတွေရောပဲ။ တက်သိမ်းတာ ၁ နာရီကျော်ပဲကြာတယ်”ဟုပြောသည်။
၎င်း ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း-ခလ၇(၂၈၃) အခြေစိုက် ဘုရားတောင်စခန်းကုန်းသည် ပြည်သူများကို အနှောင့်အယှက်ဖြစ်စေပြီး အသွားအလာအခက်အခဲရှိသဖြင့် သိမ်းပိုက်၇ခြင်းဖြစ်ကြောင်းဖြင့်လည်း ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေဖြစ်သည့် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် (KNLA)တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိ၇သည်။
ထိုစခန်းတက်သိမ်းနေစဉ် ဘုရားသုံးဆူအခြေစိုက် နဂါးတောင် လက်နက်ကြီးကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူ ပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။