Preview

ရေကြည်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသတ်ဖြတ်ခံရပြီးနောက် ဒေသခံအရပ်သား ၇၀ ကျော်ဖမ်းဆီးခံရ

အောက်တိုဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :670
ပြည်တွင်း သတင်း
အောက်တိုဘာ/ ၂၀၂၂ 

 

ဧရာ၀တီတိုင်း၊ရေကြည်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အစည်းအဝေးတက်ပြီးဆိုင်ကယ်ဖြင့် ပြန်အလာတွင် အသတ်ခံခဲ့၇ပြီး ယင်းနောက်ပိုင်းတွင် အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီကခန့်အပ်ထားသည့် ဇရပ်လှရွာအုပ်ချုပ်ရေးမှူးဦးတာတေသည်ရေကြည်မြို့တွင်  အစည်းအဝေးတက်ပြီး ဆိုင်ကယ်ဖြင့် ပြန်အလာ စက်တင်ဘာလ ၂၈ရက်နေ့ ညနေ ၃ နာရီခန့်တွင်  ကျုံတာရွာအနီးတွင်  သေနတ်ဖြင့်ပစ်သတ်ခံခဲ့၇သည်ဟု ဒေသခံများ ပြောသည်။

 

၎င်းနောက် စစ်ကောင်စီတပ်သားများသည်အနီးအနားရှိ မြစ်ဆယ်ရွာ၊ဇရပ်လှရွာ၊ ကျုံတာရွာများသို့ ဝင်ရောက်လာပြီးဒေသခံ ၇၀ ကျော်ကို ဖမ်းဆီးလိုက်သည်ဟု ငသိုင်းချောင်းမြို့က ဒေသခံတစ်ဦးက ပြောသည်။

 

  အဓိကအဖမ်းခံရတာ အခင်းဖြစ်ပွားတဲ့ နေရာအနီးဝန်းကျင်မှာရှိတဲ့ မြစ်ဆယ်၊ ဇရပ်လှက ရွာတွေကလူတွေဖြစ်ကြပါတယ်။ ငသိုင်းချောင်းမြို့ပေါ်က လူတချို့လည်း အဖမ်းခံရတယ်လို့ သိ၇ပါတယ်ဟု ၎င်းက ပြောသည်။

 

ရေကြည်မြို့နယ်၊ သိုင်းချောင်းမြို့နယ်ခွဲ ဇရပ်လှရွာက ဦးတာတေသည် ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လူနှစ်ဦးကဆိုင်ကယ်ဖြင့် ဘေးချင်းယှဉ်ကာ အနီးကပ် သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

 

သေနတ်ကျည်ဆံများသည် ဦးတာတေ၏ ခေါင်း၊ ရင်ဘတ်များတွင် ထိမှန်ကာ၎င်းပစ်ခတ်ခံ၇သည့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိ၇သည်။

 

သူအပစ်ခံ၇ပြီးတဲ့နောက်ရာအိမ်မှူးနဲ့ဒလန်တွေ၊ စစ်သားတွေကရွာတွေထဲကို  တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ဖမ်းတာပါပဲ။  ဒေသခံတွေကို ဖမ်းဆီးခံ၇တဲ့ ဒေသခံတွေကိုလက်ပြန်ကြိုးတုပ်တယ်၊ သံကြိုးတွေခတ်တယ် ဘယ်အဖွဲ့၊ဘယ်သူက သတ်မှန်းမသိဘဲ ဖမ်းနေတာပါ" ဟု ၎င်းကပြောသည်။

 

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူများကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်စစ်ဆေးနေပြီးမိသားစုများနှင့်လည်း အဆက်အသွယ် မရဖြစ်နေကြသည်ဟု သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.