Preview

ဖားကန့်တွင် ပြုလုပ်သည့် KIO အထိမ်းအမှတ်နေ့ တေးဂီတပွဲကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အနုပညာရှင်များအပါအဝင်လူပေါင်း ၃၀ ကျော် ထိခိုက်သေဆုံး

အောက်တိုဘာ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :2791
ပြည်တွင်း သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၂

 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေ ဖားကန့်တွင် KIO အထိမ်းအမှတ်နေ့ အဖြစ် ဂီတပွဲကျင်းပနေစဉ်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်အနုပညာရှင်များနှင့်ပြည်သူ ၃၀ကျော် ထိခိုက်သေဆုံးသွားကြောင်း ကချင်သတင်းဌာန ( KNG ) ကသတင်းဖော်ပြသည်။

 

အောက်တိုဘာလ၂၅ ရက်နေ့ ကျရောက်သော ၆၂ နှစ်ပြည့် KIO နေ့အထိအမှတ်အဖြစ်အောက်တိုဘာလ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်တွင် KIA တပ်မဟာ ၉ အနန့်ပါ (ANang Pa) တွင်တေးဂီတဖြင့် ပွဲပြုလုပ်နေစဉ်စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်၃ စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

ဖားကန့်ဒေသခံကချင်ပြည်သူတစ်ဦးက ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်သွားတယ်။ မနက်ဖြန်ပြုလုပ်မယ့် KIO နေ့အတွက်အကြိုပွဲအနေနဲ့ စတိတ်ရှိုးပွဲလုပ်နေတဲ့အချိန်အတွင်းမှာပဲပစ်ခံ၇တာ။ ထိခိုက်သေဆုံးတာများတယ်။ စာရင်းအတိအကျမ၇နိုင်သေးဘူး ဟုKNG က ကိုးကား ဖော်ပြသည်။

 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားသည့်ပြည်သူ ၃၀ ကျော်ထဲတွင် ကချင်အနုပညာရှင် အသင်းမှ ကချင်တေးသံရှင်ကြီးအော်ရာလီ (Aurali) ပါဝင်သွားသည်ဟု သိ၇သည်။

 

၎င်းသီချင်းသီဆိုနေသည့် အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခံ၇သည့်အတွက် သေဆုံးခဲ့ပြီး ကချင် အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း)ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟုသိ၇သည်။

 

ဗုံးကြဲတိုက်ခိုက်ခံ၇မှုကြောင့် ထိခိုက်သေဆုံးသွားသူများ စာရင်းတွင် KIA အရာရှိအချို့ ပါဝင်သည်ဟုဆိုသော်လည်း လံခြုံရေးအ၇မပြောနိုင်သေးကြောင်း ဖားကန့်ဒေသခံတစ်ဦး ပြောသည်။

ပွဲပြုလုပ်ခဲ့သောနေရာမှာဖားကန့် ကံဆီး (Ginsi) ကျေးရွာနှင့်၂ မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု သိ၇သည်။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.