နိရဉ္စရာ၊ အောက်တိုဘာ ၂၅/ ၂၀၂၂
ကချင်ပြည်နယ်၊ ဖားကန့် KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါ (A NangPa) တွင် စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးသွားရုပ်အလောင်း ၆၀ ဝန်းကျင်ကို ယနေ့ နေ့လယ်ပိုင်းကမြေမြှုပ်သဂြိုဟ်ခဲ့ကြောင်းသိ၇သည်။
၎င်းရုပ်အလောင်းများကို ဖားကန့်ကံဆီးကျေးရွာအထက်ဘော်ဆာဒီးတွင် သဂြိုဟ်ခဲ့သည်ဟု ကချင်သတင်းဌာ KNG တွင်သတင်းဖော်ပြသည်။
ယနေ့ညရနာရီ ဝန်းကျင်အထိ ဆေးဝါးကုသခွင့်မရရှိသည့် အတွက် သွေးလွန်သေဆုံးသူများဆက်ရှိနေသေးကြောင်း ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးကပြောကြောင်း သတင်းဖော်ပြသည်။
ဖားကန့်မြို့နယ်၊ကံဆီးရွာအနီးတွင် အောက်တိုဘာလ ၂၃ ရက်ညပိုင်းတုန်းက KIOဖွဲ့စည်း တည်ထောင်ခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့အကြို ဖျော်ဖြေပွဲကို စစ်ကောင်စီလေတပ် လေယာဉ် ၃ စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အခမ်းအနား တက်ရောက်နေကြသည့် ကချင်တေးသံရှင်များ၊ KIO အမှုထမ်းများနှင့် အရပ်သားအများအပြားသေဆုံးခဲ့သည်။
ယနေ့ နောက်ဆုံးကောက်ယူသောစာရင်းအ၇ သေဆုံးသူ ၆၂ ဦးထိ စာရင်းကောက်ယူရရှိထားကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကမီဒီယာများကိုယနေ့ ညနေက ပြောဆိုသည်။
ဒဏ်ရာရရှိသူများကို ဖားကန့်သို့ သယ်ယူပြီးဆေးကုသခွင့်မ၇အောင် စစ်ကောင်စီတပ်ကကံဆီးကျေးရွာအထွက်ဂိတ်နေရာတွင်ပိတ်ဆို့ထားသဖြင့်သေဆုံးသူ စာရင်း ၈၀ ကျော်အထိရှိလာပြီဖြစ်ကြောင်းလည်းKNGတွင် သတင်းဖော်ပြထားသည်။
Photoby Uru Shagan