Preview

မွန်ပြည်နယ် တောင်ကလေးစခန်းတိုက်ပွဲတွင် စစ်ကောင်စီ ၁၀ ဦးကျပြီး သေနတ် ၈ လက်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း KNLA ပြော

နိုဝင်ဘာ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :8500
ပြည်တွင်း သတင်း
နိရဉ္စရာ၊နိုဝင်ဘာ ၂ /၂၀၂၂

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာစစ်ကောင်စီတပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးကာ သေနတ် လက်နှင့် ကျည်ဆံများ သိမ်းဆည်း၇မိခဲ့သည်ဟု KNLA ဘက် ပြောသည်။

 

ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းဝင်းတွင် ခြေကုပ်ယူထားသည့်စစ်ကောင်စီပူး ပေါင်တပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာ ၂၁ရက်က နံနက် နာရီမှ နေ့လယ် ၁၁ နာရီကျော်အထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှစစ်သုံး၇ဟတ်ယာဉ် စင်းနှင့် ဂျက်ဖိုက်တာတစ်စင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းပြင်  အဘစ်ကျေးရွာ အမြှောက်တပ်ရင်းနှင့် မုဒုံမြို့တောင်ခြေ အမြာက်တပ်ရင်းတို့ လက်နက်ကြီးပစ်ကူများကို ကျေးရွာအတွင်းသို့ လှမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း ကရင်သတင်းစဉ် KICတွင် သတင်းဖော်ပြသည်။

 

KNLA က သိမ်းဆည်း၇မိခဲ့သော လက်နက်များမှာ ၆၀ မမ တစ်လက်၊ ငါးကျင်းမီးစက်လတ် တစ်လက်၊ MA 2 သုံးလက်၊ M16 နှစ်လက်၊ AK တစ်လက်၊ လက်ပစ်ဗုံး လုံးတို့ သိမ်းဆည်း ၇မိခဲ့သည်ဟု KNLA တပ်မဟာ မှ အရာရှိတစ်ဦးက သည်ကြောင်း သတင်းတွင် ဖော်ပြသည်။

တိုက်ပွဲတွင် လေယာဉ်ဖြင့် ပစ်ကူတိုက်ခိုက်သဖြင့်  စခန်းသိမ်းပွဲ အပြီးသတ် မဆင်နွှဲနိုင်ခဲ့ကြောင်း၊ သို့သော်လည်း   သေနတ်မျိုးစုံ လက်နှင့် ကျည်များကို သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျပြီး ဦးတော့ လွတ်မြောက်သွားကြောင်း၊  KNLA ဘက်က  ထိခိုက်မှုမရှိဟု KNLA တပ်မဟာ ၆ မှ အရာရှိတစ်ဦးပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။

 

သို့သော် အဆိုပါ နှစ်ဖက်တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဦးကျဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းများက ပြောကြောင်း သတင်း၌ ဆက်လက် ဖော်ပြထားသည်။

 

နံနက် နာရီမှ နေ့လည် ၁၁ နာရီကျော်အထိ နှစ်ဖက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှစစ်သုံး၇ဟတ်ယာဉ် စင်းနှင့် ဂျက်ဖိုက်တာတစ်စင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို အဘစ်ကျေးရွာ အမြှောက်တပ်ရင်းနှင့် မုဒုံမြို့တောင်ခြေ အမြာက်တပ်ရင်းတို့ လက်နက်ကြီးပစ်ကူများကို ကျေးရွာအတွင်းသို့ လှမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်။

 

ထို့သို့ ပစ်ခတ်မှုအတွက် ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များထိမှန်ပျက်စီးသွားပြီး အရပ်သား ဦးကျည်ထိမှန် သေဆုံးကာ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာ၇သွားကြောင်း စစ်ရှောင်ကူညီသူများထံမှ သိ၇ကြောင်း KIC တွင် သတင်းဖော်ပြထားသည်။

 

ရွာဈေးလမ်းမလယ်မှာ တစ်ယောက်သေတယ်။ နောက်တစ်ယောက်က ရာဘာခြစ်ပြီး နေအိမ်ပြန်လာရင်း ကျည်ထိမှန်ဆုံးတယ်။ အမျိုးသမီးငယ်တစ်ဦးလည်း ထိတယ်ပြောတယ်။ ဒဏ်ရာ၇တာက ၁၀ ဦး နီးပါးရှိတယ်။ လူနေအိမ် ၂၀ ကျော် ထိမှန်ပျက်စီးသွားတယ်။ တော၇ဘုန်းကြီး ကျောင်းတစ်လုံးလည်း ထိမှန်ပျက်စီးတယ်ဟု တောင်ကလေးကျေးရွာဒေသခံတစ်ဦးက ပြောသည်ဟု ဆိုသည်။

 

တောင်ကလေးကျေးရွာ ရဲကင်းစခန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ ဝင်များ၏ လက်နက်ရိက္ခာများနှင့် ရှေ့တန်းစစ်ကူလိုအပ်မှုအပေါ် ထောက်ပို့လမ်းကြောင်း ဆောင်ရွက်ရာ နေရာအဖြစ် အသုံးပြုလေ့ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအ၇ သိ၇သည်။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.