နိရဉ္စရာ၊ဒီဇင်ဘာ ၂၉/၂၀၂၂
KIA ဌာနချုပ်သွားရောက်ခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ ဟောင်းကို မတရားအသင်း အက်ဥပဒေပုဒ်မ၁၇ (က)နဲ့ မြစ်ကြီးနားရဲစခန်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားတယ်လို့စုံစမ်း သိရှိ၇ပါတယ်။
KBC ဥက္ကဌဟောင်း သိက္ခာတော်ရ ဆရာ ဒေါက်တာ ခလမ်ဆန်ဆွန် ဟာ KIA ဌာနချုပ် လိုင်ဇာမှာ KIO ဥက္ကဋ္ဌ အင်ဘန်လ၊ဒုဥက္ကဋ္ဌဗိုလ်ချုပ်ဂွမ်မော်တို့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ အတွက်လို့ ဆိုပါတယ်။
KBC ဥက္ကဌဟောင်းဟာ ထိုင်းနိုင်ငံကို ဆေးဝါးကုသဖို့ သွားရောက်စဉ် ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေးလေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတာလို့ သိ၇ပါတယ်။
လက်ရှိKBC ကဆရာ တစ်ယောက်က "ကျနော်တို့တော့ ဘာမှမကြားသေးဘူးအွန်လိုင်းမှာတော့ ထောင်ထဲရောက်တယ်။ ပုဒ်မဘယ်လောက်ဘယ်လောက်နဲ့စွဲတယ်ဆိုတာ ထွက်နေတာ။ အတိအကျမသိ၇သေးဘူး။ ဘယ်ရောက်လို့ဘာပုဒ်မနဲ့တပ်တယ်ဆိုတာမသိရသေးဘူးဗျ။ သင်းအုပ်ဆရာတွေဆိုတာက ဘယ်နေရာဖြစ်ဖြစ် အရုပ်အညံမရွေးသွားလာနေ၇တာဆိုတော့ ဒီလိုသွားလို့ဆိုတာဆိုရင်တော့မဖြစ်သင့်ဘူးပေါ့။ အပြစ်လုပ်တာမှမဟုတ်တာ"လို့ မှတ်ချက်ပြုပါတယ်။
အဲ့ဒီလိုဖမ်းဆီးထိန်းသိမ်းခံခဲ့၇တဲ့ KBC ဥက္ကဌဟောင်း ကို ပြန်လည်လွှတ်ပေးဖို့အတွက်ကိုလည်း ကချင်တိုင်းရင်းသားတွေ၊ ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေ ပေမယ့် လက်ရှိမှာတော့ မတရားအသင်း အက်ဥပဒေနဲ့ တရားစွဲခံခဲ့၇ပြီပဲဖြစ်ပါတယ်။
ဒါအပြင်KIO နဲ့PDF တို့ကိုအားပေးထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လဲ စစ်ကောင်စီကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံတရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့လဲ သိ၇ပါတယ်။
ဓါတ်ပုံ- ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာတွေ့ဆုံခဲ့ပုံ (စစ်ကောင်စီကာကွယ်ရေး ဦးစီးချုပ်ရုံး)
NN-25