စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဒေါ်သန်းမြင့်အောင်၊ ဦးထင်လင်းဦးနှင့် ဒေါက်တာ အာကာမိုးသူ တို့ ပြန်လည်လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.8k

နိရဉ္စရာ၊ ဇန်နဝါရီ ၄ ရက်

NLD အစိုးရလက်ထက်က ရန်ကုန်စည်ပင်သာယာရေးကော်မတီဝင် ဆရာမ ဒေါ်သန်းမြင့်အောင်နှင့် NLD ပါတီက ဦးထင်လင်းဦးတို့ အင်းစိန်ထောင်မှ ယနေ့ နေ့လည်ပိုင်းက ပြန်လွတ်မြောက်လာကြောင်း သိရှိရသည်။

ထိုအပြင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အင်းစိန်ထောင်မှ ပြန်လွတ်မြောက်လာခဲ့ကြောင်းသိရှိရသည်။

ဒေါ်သန်းမြင့်အောင်သည် ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံနေရခြင်းဖြစ်ပြီး ဒေါက်တာအာကာမိုးသည်လည်း ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံနေရသူဖြစ်သည်။

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ၅၀၅ (က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ အချို့လည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယနေ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/သူ ၇၀၁၂ ဦးကို လွတ်ငြိမ်းခွင့်ပေးပြုလိုက် ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားကြောင်းသိရှိရသည်။

ဆက်စပ် သတင်းများ