ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲပေါင်း (၃၄၁) ကြိမ်၊ စစ်ကောင်စီတပ်သား (၇၉၇) ဦးသေဆုံးပြီး KNDF ရဲဘော် ၆၅ ဦးကျဆုံးခဲ့ ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ကထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

နိရဥ္ဇရာ၊ ဇန်နဝါရီလ ၆/ ၂၀၂၃

ကရင်နီ အမျိုးသားကာကွယ်ရေးတပ်မတော် (KNDF)သည် ကရင်နီ တပ်မတော် (KA) အပါအဝင် အခြားပြည်သူ့ ကာကွယ်ရေးတပ်များနှင့်အတူ အကြမ်းဖက် စစ်ကောင်စီတပ်များကို အရှိန်အဟုန်မြင့် ော်လှန် တိုက်ခိုက်ခဲ့ရာ  ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲပေါင်း(၃၄၁) ကြိမ် ဖော်ဆောင်နိုင်ခဲ့သည်ဟု ဖော်ပြသည်။  

ထိုကာလအတွင်း စစ်ကောင်စီတပ်သား ၇၉၇ ဦ သေဆုံးခဲ့ပြီး  ၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊

KNDF ရဲဘော် ၆၅ ဦး ကျဆုံးခဲ့ကြောင်း  တစ်နှစ်တာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

စစ်ကောင်စီအနေဖြင့်လည်း ကရင်နီ ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅၀ ကျော်အထိပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ (၁၃) ဦး သေဆုံးခဲ့ကာ (၆၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

KNDF အနေဖြင့် တိုက်ပွဲများမှ လက်နက်ငယ် (၃၃) လက်နှင့် လက်နက်ကြီး (၇) လက် အပြင် ခဲယမ်းအမြောက်အများ၊ စစ်သုံ့ပန်း (၁၁) ဦး ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် အရပ်သားနေအိမ်အဆောက်အဦ (၆၇) လုံး အပါအဝင် ဘာသာရေးအဆောက်အဦ (၄) လုံး နှင့် စေတီ (၁) ဆူ တို့လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်နှစ်အတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု KNDF က ထုတ်ပြန်ပြောဆိုထားသည်။

ဆက်စပ် သတင်းများ