စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရန်ကုန်မြို့တွင် “စစ်ရာဇ၀တ်ကောင်အလိုရှိသည်”ဟု စာသားပါကြေငြာစာရွက်များ ကပ်ပြီး လှုပ်ရှားမှုပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ ဇန်နဝါရီလ ၁၄/ ၂၀၂၃

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံ အပါဝင် စစ်ခေါင်းဆောင်တချို့ပုံများဖြင့် စစ်ရာဇ၀တ်ကောင် အလိုရှိသည်ဟု စာသားပါ ကြေငြာစာရွက်များကို ရန်ကုန်မြို့တွင်ကပ်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

 

၎င်းလှုပ်ရှားမှုကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်  မြို့ပြပျောက်ကျားသပိတ်အဖြစ်  မရမ်းကုန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

 

ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် "စစ်ရာဇ၀တ်ကောင်များအား ပြည်သူလူထုက တရားစီရင်ရန် အလိုရှိနေသည်"ဟု အဓိပ္ပာယ်ဖြစ်ကြောင်းကိုလည်း ဗကသများအဖွဲ့ချုပ် က ပြောဆိုထားသည်။

 

ကြေငြာစာရွက်တွင် မင်းအောင်လှိုင်ပုံအား အလယ်၌ ထားပြီး အပေါ်တွင် WANTED စာသားနှင့် အောက်ဘက်တွင် DEAD OF ALIVE MIN AUNG HLAING (M.A.L) ဟု ပါရှိကြောင်း တွေ့ရှိရသည်။

 

စာရွက်များအား ကျောင်း၊ လမ်းတံတား၊ မှတ်တိုင်များတွင် ဖြန့်ဝေ ကြေငြာ ကပ်ထားခြင်းဖြစ်သည်။

 

 ရန်ကုန်မြို့တွင် စစ်အာဏာရှင် ကျဆုံးရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဆန္ဒထုတ်ဖော်မှုများ၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို တော်လှန်ရေး ရဲဘော်များမှ ပြုလုပ် လျက်ရှိသည်။ (NN-25)

 

ဓာတ္ပုံ - All Burma Federation of Student Unions

ဆက်စပ် သတင်းများ