Preview

ဘန်ကောက်မှာ ထိုးသတ်တဲ့ MMA ပွဲမှာ အောင်လအန်ဆန်းက ပြိုင်ဘက်ဘရာဇီးနိုင်ငံသားကို အနိုင်ရပြီးနောက် “မြန်မာပြည်ငြိမ်းချမ်းရေးရရှိဖို့” ဆုတောင်းကြောင်း ပြောကြားသွား

ဇန်နဝါရီ ၁၄/ ၂၀၂၃ | ကြည့်ရှုသူ :4515
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ၁၄-၂၀၂၂ (ထိုင်းနိုင်ငံ)

 

 ဘန်ကောက်မြို့မှာဇန်နဝါရီ(၁၄)ရက်နေ့ မနက်ပိုင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့One Championship Fight ပွဲစဉ်(၆)၊ ကိုယ်ခံပညာပေါင်းစုံ(MMA) ပြိုင်ပွဲမှာနာမည်ကျော် မြန်မာ့စပါးကြီး အောင်လ အန်ဆန်းကပြိုင်ဘက် ဘရာဇီးနိုင်ငံသား ဂျီလ်ဘာတို ဂယ်လ်ဗာအို ကို ပထမအချီ (၁)မိနစ်(၂၉)စက္ကန့်မှာပဲဒိုင်ပွဲရပ် နဲ့အနိုင်၇သွားခဲ့ပြီးနောက် မြန်မာပြည်ငြိမ်းချမ်းရေး၇ရှိဖို့ ဆုတောင်းသွားခဲ့ပါတယ်။

 

နိုင်ပွဲရအပြီးပရိသတ်များကို နှုတ်ခွန်းဆက် ပြောကြားရာမှာ " မြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိပါစေလို့ဘုရားသခင်မှာ ဆုတောင်းကြောင်း"သူက ပြောကြားသွားခဲ့တာပါ။  

 

 ဒီပွဲစဉ်ကိုဘန်ကောက်မြို့ Impact Arena ခန်းမဆောင်ကြီးထဲမှာ စနေနေ့မနက်အစောပိုင်းက ကျင်းပသွားတာကဖြစ်ပြီးထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့မြန်မာနိုင်ငံက အောင်လပရိသတ်တွေ တကူးတက လာရောက်အားပေးကြတာတွေ့ရပြီးအောင်လဟာ ဘရာဇီးဖိုက်တာ ဂျီလ်ဘာတို ကို ပထမအချီအတွင်းမှာပဲဘယ်ညာ လက်သီးတွဲလုံးများနဲ့ အဆက်မပြတ်ထိုးသတ်ပြီး အနိုင်၇သွားခဲ့ပါတယ်။

 

အမ်အမ်အေဟဲဗီးဝိတ် နဲ့ မစ်ဒယ်ဝိတ် နှစ်ထပ်ကွမ်းချန်ပီယံ ကချင်လူမျိုးအောင်လအန်ဆန်းဟာပြီးခဲ့တဲ့ နှစ် နှစ်အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကိုအရှုံးပေးခဲ့၇ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်၊ စင်္ကာပူမှာကျင်းပတဲ့ ပွဲစဉ်မှာ ဂျပန်ဖိုက်တာ ယူရှင်း အိုကာမီ ကို ပထမအချီမှာပဲဒူးတိုက်ချက်နဲ့ နိုင်ပွဲ ပြန်လည်ရရှိခဲ့တယ်။

 

အခုနိုင်ပွဲဟာ(၃)လအတွင်း အောင်လအန်ဆန်းရဲ့ ဒုတိယမြောက် နိုင်ပွဲဖြစ်တယ်။ ကိုယ်ခံပညာပေါင်းစုံ အတိုက်ပြိုင်ပွဲ(MMA) တွေမှာကချင်လူမျိုး အောင်လအန်ဆန်း၊ချင်းလူမျိုး တီရယ်လတန် တို့ အောင်မြင်မှု ၇နေသလို Thai Fight မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာလည်းကယန်းအမျိုးသမီး ဘရော်နီကာ စသူတို့ဟာဒီနှစ်အတွင်း မြန်မာနိုင်ငံကိုယ်စားပြုပြီး အောင်မြင်မှုတွေ ရယူပေးနေတာတွေ့၇ပါတယ်။

(NN-27)

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.