နိရဉ္စရာ၊ဇန်နဝါရီ ၁၉/ ၂၀၂၃
ရန်ကုန်မြို့၊ လှိုင်သာယာမြို့ (အရှေ့ပိုင်း)၊ ဘုရင်နောင်တံတားအဆင်းတွင်တည်ရှိသည့် ခမ၇(၅၃၂) တပ်၀င်းရှော့တိုက်ဒုန်းဖြင့်ယနေ့ (ဇန်နဝါရီလ ၁၉ရက်) ည ၈ နာရီ ခွဲခန့်က ပစ်ခတ်တိုက်ခိုက်ခံခဲ့၇သည်ဟုသတင်းရရှိသည်။
“တပ်ထဲကိုရှော့တိုက်ဒုန်းနဲ့ လာပစ်ကျတယ်လို့ကြားတယ်။ ထိခိုက်တာတွေဘာတွေတော့ မသိရ သေးဘူးဗျာ။ကျနော်တို့လဲ ဆိုင်ကယ်ကယ်ရီဆွဲနေတာကနေ စစ်ဆေးတာတွေဘာတွေရှိလာတော့ ပြေးလာလိုက်တော့တာ”ဟု ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါဘုရင်နောင်တံတားအဆင်း လှိုင်သာယာမြို့ (အရှေ့ပိုင်း) နယ်ထဲတွင် ခမ၇ ၅၃၂ တည်ရှိပြီးရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအား ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့မှပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများအကြား ပြောဆိုနေကြသည်။
အပျက်အစီးနှင့် အထိအခိုက်ကို မသိ၇သေးဟု ပြောဆိုသည်။
လက်ရှိတွင် ဖြစ်ပွားခဲ့သည့် အနီးအနားရှိ လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်းဒေသခံများနှင့် လမ်းသွားလမ်းလာများက ပြောသည်။ (NN-25)