သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်ကောင်စီ အမြောက်တပ်သား ၅ ဦးကို ပစ်သတ်ခဲ့ပြီး လက်နက်များသိမ်းဆည်းခဲ့ကြောင်း YGF အဖွဲ့ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ ဇန်နဝါရီ ၂၀/ ၂၀၂၃

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာအနီးရှိ စစ်ကောင်စီအမြောက်တပ်မှ တပ်သား ၅ ဦးကို ယနေ့ (ဇန်နဝါရီ ၂၀ ရက်)ပစ်သတ်ခဲ့ပြီး လက်နက်များသိမ်းဆည်းခဲ့ကြောင်း Ye Guerrilla Force - YGF အဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။

 

YGF အဖွဲ့မှ ဗိုလ်ကျန်ရစ် ဆိုသူမှ ယနေ့ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး "အမတ ၃၁၇ ၅ကောင် သေ၊  ၃လက် စားလိုက်ပြီ"ဟု ရေးသားမှုနှင့်အတူ ရုပ်သံမှတ်တမ်းပါ ဖြန့်ဝေထားသည်။

 

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၃၁၇) အမြောက်တပ်မှ တပ်သား ၅ ဦးသည် ဆိုင်ကယ်ဖြင့် ထွက်လာစဥ် လမ်းခုလက်၌ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်းသိရှိရသည်။

 

စစ်ကောင်စီ တပ်သား ၅ ဦးသည် တိုက်ခိုက်ခံရသည့်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး လက်နက် ၃ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်းကိုလည် YGF အဖွဲ့ ပြောသည်။

 

Ye Guerrilla Force နှင့် ပူးပေါင်းတပ်များသည် ဇန်နဝါရီလ (၁၈)ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်ရှိ ထင်းရှုးကျေးရွာတွင် အခြေစိုက် (င) အဆင့် နယ်မြေ ရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်မှု ပြုလုပ်ထားခဲ့သေးကြောင်း သိရသည်။ (NN-25)

 

ဓာတ်ပုံ - YGF မှ စစ်ကောင်စီ အမြောက်တပ်မှ တပ်သားများအား တိုက်ခိုက်မှုနှင့် သိမ်းဆည်းရရှိ လက်နက်များ

ဆက်စပ် သတင်းများ