ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရန်ကုန်မြို့ ငြိမ်းချမ်းရေး NSPC ရုံးအနီးရှိ လုံခြုံရေး ကင်းတဲပေါက်ကွဲမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဥ္စရာ၊ ဇန်နဝါရီ ၂/ ၂၀၂၃

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟို ( NSPC)/ ယခင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)အနီးရှိ လုံခြုံရေးကင်းတဲသည် ယမန်နေ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းက တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို လက်ပစ်ဗုံး ၂လုံးဖြင့် ပြုလုပ်ခဲ့သည်ဟု Dark Shadow(UG) အဖွဲ့ က သူတို့ လူမှုကွန်ယက်စာမျက်နှာမ တစ်ဆင့်ထုတ်ပြန်သည်။.  

"NRPC ကို လက်ပစ်ဗုံး (၂) လုံးဖြင့် အောင်မြင်စွာ တိုက်ခိုင်နိုင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးအား အဝေးထိန်းမိုင်းဖြင့် ဆက်လက်ဖောက်ခွဲရန် ပြုလုပ်ချိန်တွင် စစ်အုပ်စု၏ နောက်လိုက်ခွေးများ ပြန်လည် ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ပါသည်။ ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပြီး တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ မသိရသေးပါ"ဟု  Dark Shadow(UG) ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်မှု မရှိစေဖို့နဲ့ မိမိကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်ကို လက်ဝါးကြီးအုပ် အတင်းအဓမ္မသိမ်းယူ ထားတဲ့ အကြမ်းဖက် စစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချရေး အတွက် အခုလို Mission ကို လုပ်ဆောင်ခဲ့တာဖြစ်သည်ဟုလည်း ဖော်ပြထားသသည်။  

ယမန်နေ့ နေ့လယ်ပိုင်းက NRPC ရုံးအနီးမှာ ပေါက်ကွဲသံ အချိန်ခြားပြီး ၂ ကြိမ်မျှကြားခဲ့ရကြောင်းနှင့်  မပေါက်ကွဲသေးသည့် ထောင်မိုင်းတစ်လုံးကိုလည်း စစ်ကောင်စီက ဖျက်စီးခဲ့ရကြောင်း ေသခံ တစ်ချို့က ပြောဆိုသည်။  

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြို့ထဲမှ အလုပ်ပြန်လာသူ တစ်ချို့က  "လမ်းမှာ ကားတွေ ပိတ်နေတယ်၊ ဗုံးပေါက်လို့တဲ့၊ အသက် ၂၀ အရွယ် လူငယ်တွေကို အဓိကထား စစ်ဆေးနေသလိုမျိုးတွေ တွေ့ခဲ့တယ်"လို့ မြေနီကုန်းအနီးနေထိုင်သူ တစ်ဦးက ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲ က ကားတွေနဲ့ ရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုများကို အချိန်အတနမ်ကြာ ပြုလုပ်ခဲ့သည်ဟု ဖြစ်စဥ်အနီးနားရှိနေခဲ့သည့်  ကားပွဲစားလုပ်ကိုင်သူတစ်ဦးက ြောသည်။  

စစ်ဆေးမှုများကို ဦးဝစာရလမ်းပေါ်က Blazon အနီးအနား၊ မြေနီကုန်းမှာရှိသည့်  ဒဂုံစင်တာ (၁) နှင့် စင်တာ (၂) ဝင်ပေါက်ဝများတွင် ပြုလုပ်ခဲ့သည်ဟု မျက်မြင်များက ပြောဆိုသည်။

ဆက်စပ် သတင်းများ