ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ကောင်စီ လေကြောင်းမှ DKBA စစ်သင်တန်းပေးသည့်နေရာများနှင့် ဗိုလ်မှူးကြီးတစ်ဦး၏ နေအိမ်များကို ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 568

နိရဥ္စရာ၊ ဇန်နဝါရီ ၂၁/ ၂၀၂၃

ယနေ့ နံနက်ပိုင်းက စစ်ကောင်စီကနေ လေကြောင်းအသုံးပြုပြီး DKBA စစ်သင်တန်းပေးသည့် နေရာများနှင့် ဗိုလ်မှူးကြီးစ်ဦး၏ နေအိမ်များသို့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု DKBA အဖွဲ့ထံက သိရသည်။

ဗုံးကြဲခံရသည့် နေရာမှာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းကျေးရွာတွင်ရှိသည့်  DKBA (ဒေါနအနောက်ခြမ်း) အမှတ်(၂)စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း ရုံးနှင့်  နေအိမ် အပါအဝင် DKBA စစ်သင်တန်းပေးသည့် နေရာများဖြစ်သည်ဟုဆိုသည်။

"မနက်ကပစ်သွားတာ။ ဗိုလ်မှူးမိသားစုဘာမှ မဖြစ်လိုက်ဘူး။ အဆောက်အဦးတွေတော့ တော်တော်လေးပျက်စီးကုန်တယ်။ သေဆုံးစာရင်းကတော့ တပ်ဖွဲ့ဝင် ၂ဦး လို့ပဲကြားသေးတယ်" လို့ DKBA နှင့် နီးစပ် သူတစ်ဦးက ပြောသည်။  

ပျက်စီးမှုအနေသည့် နေအိမ်များ၊ အဆောက်အဦးများ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက် သေဆုံးမှုရှိမရှိကို  နိရဥ္စရာ သတင်းဌာနအနေဖြင့်  DKBA ထံကနေ  အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

DKBA အဖွဲ့ဟာ ဦးသိန်းစိန်အစိုးရလက်ထပ်မှာ တစ်နိုင်ငံအပစ်ခတ်ရပ်ဆဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့လည်းဖြစ်သည်။

(၇၅)  နှစ်ပြည့် မြန်မာ လွတ်လပ်ရေးနေ့ပြီးကတည်းက စစ်ကောင်စီသည် လေကြောင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဗုံးကြဲ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် မိုးတားလေးကျေးရွာကိုလည်း  ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၇ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း  Kachin News. Group (KNG) သတင်းအရ ိရသည်။

ဇန်နဝါရီ  ၁၀ ရက်နှင့် ၁၁ ရက် ညနေပိုင်းကလည်း ျင်းအမျိုးသားတပ်ဦး (CNF) Camp Victoria ဌာနချုပ်ကို စစ်ကောင်စီက  ၂ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် CNF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ် သတင်းများ