ရေနံတင်သင်္ဘောပေါက်ကွဲမှုမှာ သေဆုံးခဲ့တဲ့ မြန်မာတစ်ဦးစီ ဘတ် ၈ သိန်းကျော် ထိုင်းအစိုးရလျော် ကြေးပေး

နိရဉ္စရာ၊ ဇန်နဝါရီ ၂၁/၂၀၂၃
ထိုင်းရေနံတင်သင်္ဘောပေါက်ကွဲမှု
ထိုင်းအစိုးရ အလုပ်သမားဒု-ဝန်ကြီးကိုယ်တိုင်
‘’ သေဆုံးသွားတဲ့မြန်မာတွေအတွက် ထိုင်းဥပဒေရ လောလောဆယ် နာရေးကျကျနနပြုလုပ်ဖို့ တစ်ဦး ကို ဘတ် ၅သောင်း၊ အသက်ဖိုးလျော်ကြေး တစ်ဦးကို ၇၇၀၉၅၂ဘတ်၊ နောက်ထပ်လည်း သူတို့ရဲ့ လုပ် သက်ကိုကြည့်ပြီးတော့ နစ်နာကြေးပေါ့ ပေးဦးမှာဖြစ်ပါတယ် ’’
ဇန်နဝါရီ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ မဲခေါင်မြစ်ခွဲအတွင်း သင်္ဘောကျင်း တွင် ဆီတင်သင်္ဘော Smoosh Sea C22 ပေါ်မှာ ဂဟေဆော်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ မြန်မာ ၇ ဦးနဲ့ ထိုင်း ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရသူ မြန်မာ ၂ဦးအတွက် ထိုင်းလူမှုဖူလုံရေးဌာနကနေ သက်သာပျောက်ကင်းတဲ့အထိ ဆေးကုသပေးနေကြောင်း၊ ထိုင်းဥပဒေအရ ကိုယ်လက်အင်္ဂါဆုံးရှုံးသူတစ်ဦး
မြန်မာသံအမတ်ကြီး ဦးသန်းထွေးမှလည်း သေဆုံးသွားသည့် အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၅၀၀၀ စီ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူတွေကိုလည်း လိုအပ်တဲ့ထောက်ပံ့မှုတွေကို လုပ်ပေးခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- Myanmar Embassy Bangkok page