Preview

ကရင်နီပြည်မှ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်

ဇန်နဝါရီ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :9228
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၂၁/၂၀၂၃

ကရင်နီပြည် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့မှမနေ့က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်သည်ဟု သတင်းရရှိသည်။

ယင်းစခန်းကို သိမ်းပိုက်ရာ တွင် လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း၇မိခဲ့ကြောင်း KNDF ကယနေ့ ဇန်နဝါရီလ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်

သိမ်းဆည်း၇မိသော လက်နက်ခဲယမ်းမီးကျောက်များမှာ(၆၀)မမ စိန်ပြောင်း(၂)လက် ၊ RPG (၁)လက်၊ MA-1 (၁)လက်၊ MA -2(၁)လက် ၊ MA-3(၁)လက် ၊ MA-479တွဲ (၁)လက် ၊ 9mm(၁)လက် ၊ ငါကြင်းမြီး(၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင်ပစ္စည်များဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသအခြေစိုက် ကန္တာ၇၀တီသတင်းတွင် ဖော်ပြသည်။

၎င်းစခန်းကို  ဇန်နဝါရီလ၂၀ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်တွင် ပူးပေါင်းတပ်ဖွဲ့ဖြစ်ကြသည့်  Karenni CommandoKAKNDF B(15)KNDF B(16)KNDF B (09)Loikaw PDFDMO PDF စသည့် အဖွဲ့များကပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ကရင်နီတပ်မတော်(KA) မှရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဉ်တစ်စီးဖြင့်  ၃ ကြိမ်တိုင် ပစ်ကူပေးခဲ့ပြီး ဘောလခဲမြို့အခြေစိုက်တပ်ဖက်မှလည်းလက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.