နိရဉ္စရာ၊ ဇန်နဝါရီ ၂၂/ ၂၀၂၃
မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးများဖြင့် ၎င်းမြို့နယ်အတွင်းရှိ ဝမ္မတူကျေးရွာ ဘက်သို့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်တွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးညဉ့် ၁၂ နာရီအချိန်ခန့်တွင်လည်း စွန်တောင်ကျေးရွာအနီးကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟာ ဒေသခံများက ပြောကြားသည်။
“ မနေ့ မနက်က ပစ်တာဗျ။ အမြောက်ကြီးတွေနဲ့ ပစ်တာ လေးငါးချက်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့ ရှိတယ်။ သေဆုံးတာတော့မကြားမိသေးဘူးဗျာ။ အမြောက်လက်နက်ကြီး နဲ့ ပစ်တော့အိမ်တွေ အပျက်အစီးတော့ ရှိတယ်လို့ သိ၇ပါတယ် ”ဟု ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံကျေးရွာသူကျေးရွာသားများမှာဘေးလွှတ်ရာသို့ ထွက်ပြေးခိုလှုံနေထိုင်နေကြ၇ကြောင်း ၎င်းကပြောသည်။
ယမန်နေ့ ည ၁၂ နာရီ ထိုးခါနီးအချိန်ခန့်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာ အနီးကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
“နေအိမ်တွေကတော့ လာသာကြည့်လိုက်ဗျာ။ သူတို့ လုပ်ချင်သလိုကိုလုပ်နေတော့တာ။ အခုလဲ တိုက်ပွဲ မရှိပဲ အလကားနေရင်းကို လေယာဉ်နဲ့ လာလာပစ်နေတာ။ ဒီလေတပ်ကို အဓိကထား ဖြုတ်ဖို့တော့လိုနေတာ ကြာပြီ”ဟု မင်းတပ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။
လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံ၇မှု
ချင်းပြည်နယ်အတွင်းသို့ ဇန်နဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး CNF ဗဟိုဌာနချုပ် Victoria စခန်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်၅ ဦးကျဆုံးခဲ့သည်ဟု သိ၇သည်။
ထိုနောက် ချင်းပြည်နယ်အတွင်းက မတူပီ၊ ထန်တလန်၊ မင်းတပ်၊ ဖလမ်းမြို့နယ်များတွင် ဇန်နဝါရီလ အတွင်း စစ်ကောင်စီမှ ပစ်ခတ် တိုက်ခိုက်မှုများ ပိုမို ပြုလုပ်လျက်ရှိကြောင်း သိရှိ၇သည်။
ဓာတ်ပုံ - လေယာဉ်ဗုံးကျဲခံခဲ့၇သည် စွန်တောင်ကျေးရွာ ပျက်စီးဆုံးရှုံးမှု