Preview

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ အပါအဝင် (၄) ဦးကို ရှင်းလင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိဟု Bago Region PDF ထုတ်ပြန်

ဇန်နဝါရီ ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :5956
ပြည်တွင်း သတင်း

နိရဉ္စရာ၊ဇန်နဝါရီ ၂၃/ ၂၀၂၃

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံဗိုလ်မှူးသန်းထွဋ် နှင့် တပ်ကြပ်ကြီးမြင့်အောင် တို့အပါအဝင် (၄)ဦးကိုပစ်ခတ် ရှင်းလင်းခဲ့ ပြီး လက်နက်များ သိမ်းဆည်း၇မိခဲ့ကြောင်း BagoRegion PDF ကထုတ်ပြန် ပြောဆိုသည်။

 “ ရန်ကုန် - မန္တလေး အမြန်လမ်းမှာရှင်းလိုက်တာ၊ အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ နှစ်ယောက်ကတော့ ကားပေါ်အပြန်အလှန်ပစ်ရင်းကျသွားတာ။သူတို့ဆီက ဗိုလ်မှူးကြီးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးကျတယ်။ နောက်ထပ် နှစ်ယောက်ကို စစ်မေးဖို့ခေါ်လာတုန်းလက်နက်လုထွက်ပြေးဖို့လုပ်တော့ အဲဒီမှာ အပစ်ခံ၇ပြီးသေတာ။သူတို့ လေးယောက်လည်း ကျသွားတယ်။ လက်နက်ငယ်လေးတချို့လည်း သိမ်းဆည်းမိတယ်ဟုတော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဗိုလ်မှူးသန်းထွဋ်သည် ဒုဗိုလ်မှူးကြီးအစမ်းခန့် တာဝန်ဖြင့်  PDF များ၏ UG ၏ သတင်းကွင်းဆက်များကို လိုက်လံစုံစမ်းပြီး လက်နက်များဝယ်ယူမည်ဟု အကြောင်းပြကာတော်လှန်ရေးအဖွဲ့ဝင်များအား ဖမ်းဆီးခြင်းများ ပြုလုပ်မှုကြောင့်ရှင်းလင်း၇ခြင်းဖြစ်ကြောင်း Bago Region PDF ကပြောသည်။

 ရှင်းလင်းခံ၇မှု ဖြစ်စဉ်သည်ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင် အပါအဝင် (၄) ဦးလိုက်ပါစီးနှင်းမောင်းနှင်လာသည့် YGN 2N/6158 Toyota VanGuard ကားဟု YUA အဖွဲ့၏ သတင်းပေးပို့ချက်အရကင်းပုန်းဝပ်စောင့်နေသည့် အဖွဲ့မှ ရန်ကုန် - မန္တလေး အမြန်လမ်းမိုင်တိုင် (၁၆၁) မိုင် တွင် အသွင်ယူဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်းသိရှိ၇သည်။

ထိုသို့ဖမ်းဆီးမှု ပြုလုပ်စဉ်ယာဉ်ပေါ်ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးမှ အသင့်ပါလာသောလက်နက် များဖြင့်ပြန်လည်ခုခံသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့်အခင်းဖြစ်ပွားရာ နေရာ၌ ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း BagoRegion PDF ကပြောသည်။

 စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ပါလာသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးအား စစ်မေးမှုများပြုလုပ်ရန်ဖမ်းဆီး ခေါ်ဆောင်လာစဉ် လက်နက် လုယူထွက်ပြေးရန် ကြိုးစားလာမှုကြောင့် တော်လှန်ရေးရဲဘော်များမှပစ်ခတ် ဖမ်းဆီးခဲ့၇ပြီး သေဆုံးလျက်သာ ဖမ်းဆီး၇မိခဲ့သည်။

ဖြစ်စဉ်ကြောင့်9 mm ပစ္စတို(၂)လက်၊ ကျည် (၁၂) တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အားသိမ်းဆည်း၇မိခဲ့ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- ဗိုလ်မှူးသန်းထွဋ် ပုံ၊ သေဆုံး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်း၇မိသည့်လက်နက်/ စာရွက်စာတမ်းများ

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.