နိရဥ္စရာ၊ဇန်နဝါရီ ၂၄/၂၀၂၃
ရှမ်းပြည်နယ်၊ဝမ်ဟိုင်းမြို့နယ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAဌာနချုပ်တည်ရှိရာ နေရာကို စစ်ကောင်စီဂျက်တိုက်လေယာဥ်ပျံသန်းမှုသည် ရန်စစော်ကားခြင်းဖြစ်ကြောင်း SSPP သတင်း ထုတ်ပြန်သည်။
စစ်ကောင်စီ၏YAK-130 အမျိုးအစားဂျက်တိုက်လေယာဥ်တစ်စီးသည် ယနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၂နာရီဝန်းကျင်ခန့်က ဝမ်းဟိုင်းမြို့ပေါ် မှ ဖြတ်သန်းပြီး အနိမ့်ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း သိရှိ၇သည်။
ထိုသို့လေယာဥ်ပျံသန်းခြင်း၊ လေ့ကျင့်ခြင်းမှုများ ထပ်မံပြုလုပ်မည်ဆိုပါက စစ်ကောင်စီတပ်မတော်တာဝန်သာ ဖြစ်ဖြစ်ကြောင်း SSPP ကပြောဆိုထားသည်။
"ဤဖြစ်စဉ်နှင့်ပတ်သက်ကာထိုသို့အကြောင်းမကြားပဲ အနိမ့်ပျံသန်းမှုပြုလုပ်ခြင်းသည်SSPP/SSA အပေါ်ရန်စ စော်ကားသည့်လုပ်ရပ်သာဖြစ်သည်ဟုယူဆနိုင်သည့်အတွက်၊ နောက်တစ်ကြိမ် ဤကဲ့သို့ အကြောင်းကြားခြင်းမရှိပဲဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်းများ ၊ လေ့ကျင့်ခြင်များထပ်မံပြုလုပ်ပါက တပ်မတော်တာဝန်သာဖြစ်ကြောင်း"SSPP ကဖော်ပြထားသည်။
လေယာဥ်ပျံသန်းမှုနှင့်ပတ်သက်ပြီးရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့ကြောင်း၊ ဖြစ်စဥ်ဖြစ်နေသည့်အချိန် RCSS ဥက္ကဋ္ဌ စဝ်ယွတ်ဆစ်တို့နှင့် ဆွေးနွေးပွဲလုပ်ဆောင်နေသည့်အတွက် ၎င်းကိုယ်တိုင်မသိရသေးကြောင်း သိရှိ၇ပါက အကြောင်းပြန် ပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမင်းနောင်မှ ဖြေကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီမှလေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တည်ရှိရာနေရာများတွင်ယခုနှစ်အစကတည်းက မကြာခဏ ပြုလုပ်နေကြောင်းတွေ့ရှိ၇သည်။
(NN-25) ဓာတ်ပုံ- SSPP/ SSA