အင်္ဂါ၊ မတ်လ ၅ရက်၊ ၂၀၂၄

ကရင်ပြည်နယ် ကော့ကရိတ်၊ ကျုံဒိုးကမ်းနား အရှေ့ဘက် ညောင်ရိပ်သာမှာ မီးရှို့ ပစ်ခတ်မှုများ ဖြစ်ပေါ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.4k

နိဉ္စရာ၊ ဇန်နနဝါရီ ၂၆/ ၂၀၂၃

 

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ် ကျုံဒိုး ကမ်းနား အရှေ့ဘက်ရှိ ညောင်ရိပ်သာ ကျေးရွာအတွင်း ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ခန့်က နေအိမ်မီးရှို့မှုများမြင်တွေ့ရပြီး  သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများက ပြောသည်။

 

"မနက် ၉ နာရီလောက်က သေနတ်သံတွေကြားရတယ်။ အရှေ့ဘက်ခြမ်းက နေအိမ်တွေမီးရှို့ခံရတာလဲ လှမ်းမြင်ရတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

မည်သည့်အဖွဲ့က ယခုကဲ့သိုပြုလုပ်ခြင်းကို နိရဥ္စရာ သတင်းဌာနအနေဖြင့် အတိအကျ မသိရသေးသေးသော်လည်း ဒေသခံများမှ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

 

အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်လောက်ရှိပြီး ပစ်ခတ်သံများနှင့် မီးရှို့နေမှုများကြောင့် ရွာနီးစပ်ကျေးရွာများမှလည်း စစ်ရှောင် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

 

 ကျုံဒိုးရွာအနီး မကြာခနဆိုသလို စစ်ကောင်စီ လက်အောက်ခံတပ်များနှင့် တော်လှန်ရေး အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယမန်နေ့ က ကမ်းနီ၊ မိဂလုံ၊ ကော့ဘိန်း ကျေးရွာများတွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

 

ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ကျုံဒိုး - ညောင်ရိပ်သာ ဒေသအတွင်း ထိတွေ့တိုက်ပွဲများ အြပင်းအထန် ဖြစ်ပွားခဲ့ကြောင်းလဲ သိရှိရသည်။ (NN - 25)

 

ဓါတ်ပုံ - ယနေ့ နံနက်ပိုင်း ညောင်ရိပ်သာ ကျေးရွာအတွင်းမီးလောင်နေမှု

 


ဆက်စပ် သတင်းများ