Preview

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု(၉)နှစ်အတွင်းအမြင့်မားဆုံးသို့ရောက်ရှိလာ

ဇန်နဝါရီ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :4405
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၂၆

 

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ()နှစ်ခန့် လျော့ကျသွားပြီးနောက် ယခုအခါသိသာထင်ရှားစွာ ပြန်လည် မြင့်တက် လာနေကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အ၇ သိ၇သည်။

 

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်က (၄၂၃မက်ထရစ်တန်သာ ထွက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် မက်ထရစ်တန်(၇၉၅)အထိ နှစ်ဆတိုး ထွက်လာသည်ကို တွေ့၇သည်။ 

 

ယခုကဲ့သို့ ဘိန်းထုတ်လုပ်မှု တိုးတက်လာ၇ခြင်းမှာ နိုင်ငံအတွင်း စီးပွါးရေးကျပ်တည်းခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်း နှင့် ဘိန်းဖြူထုတ်လုပ်ရာတွင် လိုအပ်သည့်  ဘိန်းစေး ဈေးနှုန်း ကမ္ဘာ့အတိုင်းအတာအ၇ မြင့်တက်လာသည့်အတွက် ဖြစ်သည်ဟု ကုလက ယုံကြည်သည်။

 

စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံကို သွေးထွက်သံယို ပြည်တွင်းစစ်ထဲသို့ ကိုောက်သွားစေပြီး ယခုအထိဆက်လက် ဖြစ်ပွါးနေဆဲဖြစ်သည်။ 

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ပြီးနောက် စီးပွါးရေး၊ လုံခြုံရေး နှင့် အုပ်ချုပ်မှု ပြိုကွဲခြင်းများ ပေါင်းစုကာ ဝေးလံခေါင်ဖျား ဒေသများ (အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသများရှိ တောင်သူများမှာအခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး ဘိန်းစိုက်စိုက်ပျိုးရေးဘက်သို့ ပြန်ဦးလှည့်လာကြသည်ဟု UNDOC ကုလသမဂ္ဂရုံးမှ ဌာနေ ကိုယ်စားလှယ် ဂျရယ်မီ ဒေါက်ဂလပ်စ်က ဆိုသည်။ 

 

ကြာသပတေးနေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာ့စီးပွါးရေးမှ ၂၀၂၂ခုနှစ်အတွင်း ပြည်တွင်း ပြည်ပရိုက်ခတ်မှုများ၊ ဖြစ်ပေါ်နေသော နိုင်ငံရေး မတည်ငြိမ်မှု နှင့် မြင့်တက်လာနေသည့် ကုန်ဈေးနှုန်း အခြေအနေများက တောင်သူများကို မက်လုံးပေးနေသည့် ဘိန်းစိုက်ပျိုးရေးဘက်သို့ တွန်းပို့ခဲ့သည်ဟု ဖော်ပြထားသည်။

 

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဘိန်း ထုတ်လုပ်သော နိုင်ငံဖြစ်သည်။ ထို နှစ်နိင်ငံသည် ကမ္ဘာတစ်လွှား ရောင်းချနေသည့် ဘိန်းဖြူအားလုံး၏ အဓိက  အရင်းအမြစ်များဖြစ်သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အ၇ မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုကရသောစီးပွါးရေး ပမာဏမှာ ဒေါ်လာ ()ဘီလျံ ရှိသည်ဟု သိ၇သည်။

NN27.

 

Ref :BBC world)

Photo by VOA

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.