- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၃
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၃/ ၂၀၂၂
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားမျာ
ထိုင်းနိုင်ငံ စမွတ်ပကန်ခရိုင်၊ တမ်ဘွန်ဗန်ပူမြို့နယ် ဗန်ပူနခေါင်လမ်းတွင်နေထိုင်သည့် အသက် ၂၃ နှစ် အရွယ် ဗိုလ်မိုးဟိန်း သည် ဖေဖော်ဝါရီ ၁၂ ရက်က ၎င်းနေထိုင်ရာအခန်းထဲတွင် ဓားဒဏ်ရာများနှင့် သေဆုံးနေကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို ကိုးကားပြီး မြန်မာရွှေ့ပြောင်း အလုပ် သမားအရေး ဆောင်ရွက်ပေးနေသည့် Labour Hittai မှ ကိုစောမောင် က ပြောသည်။
ကျူးလွန်ခဲ့သည့် တရားခံကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေပြီး အချိန်တိုအတွင်း ဖမ်းဆီးရရှိနိုင်မည် ဖြစ်ကြောင်း Labour Hittai မှ ကိုစောမောင် က နိရဉ္စရာ ကို ပြောသည်။
"ထိုင်းနိုင်ငံထဲမှာ နေရာတိုင်းမှာ CCTV တွေ တပ်ထားတယ်၊ အိမ်ပေါက်ဝတွေ၊ အခန်းတွေ၊ လှေကား တွေ၊ လမ်းတွေ၊ အဆောက်အဦးတွေမှန်သမျှ အကုန်တပ်ထားတယ်၊ ဒီလိုလူသတ်မှုမျိုးတွေကတော့ မမိ ဘူးဆိုတာ မရှိပါဘူး၊ အနှေး နဲ့အမြန်ကတော့ မိမှာပါပဲ၊ တရားခံကတော့မလွတ်လောက်ပါဘူး။ ’’
အသတ်ခံရသည့် ဗိုလ်မိုးဟိန်းသည် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှအလုပ်
အခင်းဖြစ်စဉ်အတွင်း သေဆုံးသူရဲ့ ရွှေဆွဲကြိုးနှင့် လက်စွပ်များပျောက်ဆုံးနေပြီး ဗန်ပူရဲစခန်းရဲ့ ပြောဆို ချက်အရ ပြစ်မှုကျူးလွန်သူ တရားခံများကို CCTV မှတ်တမ်းမှတစ်ဆင့်ခြေရာခံပြီး လိုက်လံ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းများမှာ ဖော်ပြထားပါသည်။
Photo ; Labour Hittai