Preview

ကားတစ်စီးပေါ် ပြွတ်သိပ်တင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦး ထိုင်းနိုင်ငံ ပထုမ်ထာနီခရိုင်တွင် အဖမ်းခံရ

မတ် ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :10355
ပြည်တွင်း သတင်း

နိရဉ္စရာမတ် ၁၀/ ၂၀၂၃

ကားတစ်စီးပေါ် ပြွတ်သိပ်တင်လာသည့် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးကို ထိုင်းနိုင်ငံ ပထုမ်ထာနီခရိုင်တွင် ၌မတ်လ ၉ ရက်နေ့တွင် ထိုင်းအာဏာပိုင်တွေမှ ဖမ်းဆီး၇မိကြောင်း သတင်းရရှိသည်။

ထိုင်းအခေါ်(လွတ်တု)ဟုခေါ်သည့် အံစာတုံးကားတစ်စီးထဲတွင်၎င်းမြန်မာရွှေ့ပြောင်းအလုပ်သမား၁၈ ဦးကို ပထုမ်ထာနီခရိုင်ထဲ၌ အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့ကမသင်္ကာ၍ စစ်ဆေးရာမှ ဖမ်းဆီး၇မိခဲ့ခြင်းဖြစ်ကြောင်း ထိုင်း 7HDသတင်းဌာနက ဖော်ပြထားသည်။  

အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့ကခရီးသည်တင်ကားများကို စောင့်ကြည့်စစ်ဆေးနေရာတွင် အဆိုပါကား သည် ပုံမှန်ထက်အလေးချိန်ပိုများနေသည်ကိုတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိရာကနေယခုလိုအဖမ်း ခံ၇တာဖြစ်ကြောင်းလည်းယင်းသတင်းဌာနက ဖော်ပြထားသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့်၎င်းမြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံအလယ်ပိုင်း၌ အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း မြန်မာအလုပ် သမားအရေးဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

‘’မြန်မာတွေက ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်ဖို့ တရားမဝင်ရောက်လာတာတွေကတော့ ဒီရက်ပိုင်းအတွင်း ပိုများလာတယ်၊ဖမ်းမိတဲ့သူတွေကတော့ ပြန်ပို့ခံ၇မှာပဲပေါ့၊ လူကိုယ်တိုင်ဒုက္ခတွေရောက်၊ ငွေလည်းကုန် ဘ၀တွေက ဆိုးပါတယ်ဗျာ’’

၎င်းမြန်မာအလုပ်သမား ၁၈ ဦးတို့ကို ထိုင်းနိုင်ငံဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် စမ်ခို့ ရဲစခန်းသို့  ပို့ဆောင်မည်ဟုလည်း သိ၇သည်။ NN - 24

Photo ; Thai News

 

#မြန်မာ-ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.