Preview

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအား ပြန်ပို့ဆောင်ရန် ရှေ့ပြေးစီမံချက်အ၇ လူ(၁၀၀၀)စာရင်းကို မြန်မာဘက်သို့ စိစစ်ရန် ပေးပို့ထားပြီဟုဆို

မတ် ၁၁/ ၂၀၂၃ | ကြည့်ရှုသူ :8466
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ်၁၁/၂၀၂၃

လာမည့်မိုးမကျမီ ၇ခိုင်ပြည်နယ်မှ ထွက်ပြေးသွားကြသော မွတ်ဆလင်ဒုက္ခသည်များအားအမြန်ဆုံး ပြန်လည်လက်ခံရန် ရှေ့ပြေးစီမံချက်တစ်ရပ်ကိုဘင်္ဂလားဒေ့ရှ် နှင့် မြန်မာအာဏာပိုင်များ အပူတပြင်းဆောင်ရွက်နေကြပြီးလတ်တလောတွင် စတင်လက်ခံရန် လူ(၁၀၀၀)စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်သို့ စိစစ်ရန် ပေးပို့ထားပြီဟုသိ၇သည်။

မြန်မာအစိုးရဘက်ကလည်းပြန်လည်လက်ခံရေး အတွက် စိစစ်မှုများ အမြန်လုပ်ဆောင်နေပြီး ပြန်လည်နေရာချထားရေးအစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

သတင်းရင်းမြစ်များအရဖိအားများနှင့် ရင်ဆိုင်နေ၇သော စစ်ကောင်စီသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏လက်ခံမှုကို ပြန်လည်ရရှိရန် မွတ်ဆလင် ဒုက္ခသည်များပြန်လည်လက်ခံရေး ရှေ့ပြေးစီမံချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန်လိုလားလျှက်ရှိသည်ဟု ဆိုသည်။

 ယခုအခါရခိုင်ပြည်နယ်တွင် မွတ်ဆလင်ဒုက္ခသည်များအတွက် လုံခြုံရေး၊ နေထိုင်လုပ်ကိုင်ရေး၊ပညာရေးနှင့် ကျန်းမာရေးအခြေအနေများ တိုးတက်ကောင်းမွန်လာပြီဖြစ်ရာနှစ်နိုင်ငံစလုံးက ပြန်လည်လက်ခံရေးအစီအစဉ်ကို စတင်ဆောင်ရွက်လာကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၂၀၁ရခုနှစ်က ၇ခိုင်ပြည်နယ်မှ ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်တစ်သန်းနီးပါးကို လက်ခံထား၇ပြီး၄င်းတို့ကို ပြန်လည်လက်ခံရန်နိုင်ငံတကာက မြန်မာအစိုးရအား ဖိအားပေးရေး တိုက်တွန်းတောင်းဆိုလျှက်ရှိခဲ့သည်။

အခြေအနေကိုမျက်မြင်အကဲခတ်ကြည့်ရှုနိုင်ရန် မြန်မာအစိုး၇သည် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊ တရုတ် နှင့် အာဆီယံ ရှစ်နိုင်ငံမှ ကိုယ်စားလှယ်များကို၇ခိုင်ပြည်နယ်သို့ ခေါ်ဆောင်ပြီး ပြသခဲ့သည်။

သွားရောက်ကြည့်ရှုခဲ့သည့်နေရာများတွင်ငါးခူရ ဒုက္ခသည်လက်ခံရေးစခန်းနှင့် အနီးရှိရွာတစ်ရွာ၊ စစ်တွေနှင့် ကျောက်ဖြူဒေသရှိ နေရပ်စွန့်ခွါဒုက္ခသည်စခန်းနှစ်ခုတို့ပါဝင်သည်။

လေ့လာရေးအဖွဲ့၏သုံးသပ်ချက်အရ ၇ခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေတည်ငြိမ်မှုရှိလာပြီးဒုက္ခသည်များ ပြန်လည်လက်ခံရန် အခြေအနေကောင်းများရှိနေသည်ဟုဆိုသည်။

လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရသည့် မွတ်ဆလင်ဒုက္ခသည်အရေအတွက်မှာ အလွန်များပြားသည့်အတွက် ကနဦးအဆင့်အနေဖြင့်အရေအတွက်အနည်းငယ်ကိုသာ စတင်လက်ခံရန်အားလုံးက သဘောတူခဲ့ကြသည်။

ရှေ့ပြေးစမ်းသပ်လက်ခံရေးစီမံချက် ၏ အားသာချက် အားနည်းချက်များကို လေ့လာပြီးအောင်မြင်မှု ရှိမှသာ ဒုက္ခသည်အမြောက်အများကို ပြန်လည်လက်ခံရန် သဘောတူခဲ့ကြသည်။

မကြာမီလများအတွင်းမုတ်သုန်ရာသီစတင်တော့မည်ဖြစ်ရာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက မိုးမကျမီ စီမံချက်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြသည်။

ရှေ့ပြေးစီမံချက်အရပြန်လည်စေလွှတ်မည့် မွတ်ဆလင်ဒုက္ခသည်များစာရင်း စိစစ်ရေးကိုအစောဆုံးပြီးအောင် လုပ်ဆောင်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကရရှိသည့်သတင်းများက ဆိုသည်။

မွတ်ဆလင်ဒုက္ခသည်များကိုမြန်မာဘက်ခြမ်း စခန်းနှစ်ခုတွင် လက်ခံသွားမည်ဖြစ်ပြီးစခန်းများဆောက်လုပ်ပြီးစီးပြီဟုသိ၇သည်။

ထိုစခန်းတွင်၂၄ နာရီနေပြီးပါက ဒုက္ခသည်များကို ကြားစခန်းတစ်ခုသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီးထိုနေရာတွင် အခြားဒုက္ခသည်များစွာနှင့်အတူ နေထိုင်၇မည်။ ထိုစခန်းတွင် တစ်ပတ် သို့မဟုတ် တစ်လခန့် နေပြီးပါက ၄င်းတို့၏ နေအိမ်များဆီသို့ ပြန်ပို့ပေးမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင်ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများတစ်ဆင့်ချင်း လုပ်ဆောင်နေစဉ်မွတ်ဆလင်များ၏ လုံခြုံရေးအခြေအနေမှာ ယခင်ကထက် ပိုကောင်းလာနေသည်။အလားတူ နေထိုင်လုပ်ကိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးအခြေအနေများလည်းယခင်ကထက် ကောင်းမွန်လာနေသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှအမည်မဖော်လိုသူအရာရှိတစ်ဦး၏ အဆိုအ၇ယမန်နှစ်က မွတ်ဆလင်ကျောင်းသား ၂၀၀ ကို စစ်တွေတက္ကသိုလ်က ဝင်ခွင့်ပြုခဲ့ပြီးယခုနှစ်တွင်လည်း ပိုမိုလက်ခံခဲ့ကာ မွတ်ဆလင်ကျောင်းသားများ၏ပညာသင်ကြားမှုအခြေအနေများ ပိုမိုကောင်းမွန်လာသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့်ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ဖွံ့ဖြိုးလာခြင်း မရှိသေးသော်လည်းယခုအခါ မွတ်ဆလင်များ ဆေးကုသခွင့် ရရှိနေပြီဖြစ်သည်။

 

NN-27

Ref:Dhaka Tribune

#ဒုက္ခသည်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.