- Web Master
- ၀၃ ဒီဇင်ဘာ ၂၀၂၃
ဖုန်း SIM Card များ ပြန်လည်မှတ်ပုံမတင်လျှင် ရက် (၃၀) အတွင်း ပိတ်သိမ်းမည်ဟုဆို
နိရဉ္စရာ မတ် ၁၄/၂၀၂၃
ဖုန်း ဆင်းကတ်များ ပြန်လည်မှတ်ပုံမတင်လျှင် ရက် (၃၀) အတွင်း ပိတ်သိမ်းမည်ဟု စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနက မတ်လ (၁၃) ရက်နေ့ညပိုင်းက ထုတ်ပြန်ကြေထားကြောင်း သိရသည်။
လက်တလောတွင် မှတ်ပုံတင်ထားပြီးဖြစ်သည့် ဖုန်းဆင်းကတ်များတွင် ဖြည့်စွက်ထားသည့် အမည်/ နိုင်ငံသားစိစစ်ရေး အမှတ် စသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စစ်ဆေးမှု များပြုလုပ်နေကြောင်း၊ စစ်ဆေးမှုများပြုလုပ်ပြီး မှန်ကန်မှုမရှိသည့် ဆင်းကတ်များထံသို့ အသိပေး စာတို (SMS) ပေးပို့သွားမည်ဖြစ်ပြီး SMS ရောက်သည့်နေ့မှစတင်ကာ ရက်ပေါင်း (၃၀) အတွင်း ပြန်လည်မှတ်ပုံတင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ရက်ပေါင်း ၃၀ နောက်ပိုင်း မှတ်ပုံတင်ခြင်းမရှိသည့် ဆင်းကတ်များအား ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် ဒေတာ အသုံးပြုမှုများ (One Way Block) ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရှိရသည်။
One Way Block ခံထားရပြီး ရက်ပေါင်း (၉၀) အတွင်း၌ ဆင်းကတ် အပြီးပိတ်သိမ်းသွားမည်ဟုလည်း ဆက်သွယ် ရေး ညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြနထားသည်။ (NN – 25)
ဓာတ်ပုံ - ပြည်တွင်း သုံးစွဲနေသည့် ဆင်းကတ်များ