နိရဥ္စရာ၊မတ်လ ၁၄/ ၂၀၂၃
ရှမ်း-ကယား(ကရင်နီ)ဒေသအစပ်ဖယ်ခုံမြို့နယ်ရှိ ကုရင်ကျေးရွာ၊ တောင်ကြားတိုက်ပွဲတွင်စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ မတ်လ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိ၇သည်။
အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီ၏ တပ်မှ စစ်ကြောင်းမှူးအပါအဝင်အလောင်း ၁၉ လောင်း၊ စစ်သုံ့ပန်း (၆)ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း၇မိကြောင်းဖယ်ခုံPDF တပ်ရင်း(၂)က ယနေ့ထုတ်ပြန်သည်။
"၁၁ ရက်နေ့ မနက် ၁၀နာရီလောက်က တိုက်ပွဲဖြစ်တယ်ပေါ့ဗျာ။ စခဘက်က စစ်ကြောင်းမှူးအပါ၁၉ ယောက်လောက် သေတယ်။ ၆ယောက်ကိုအရှင်မိတယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေဘက်ကတော့၂ ယောက် ထိခိုက်တယ်။ မစိုးတော့မစိုးရိမ်၇ပါဘူး။ ၁၂ရက်နေ့ကတော့ ကျနော့်ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်ပေါ့ဗျာ"ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်းသိမ်းဆည်း၇မိမှုအနေဖြင့် RPG - (၂)လက်၊ 60 MM စိန်ပြောင်း(၁)လက်၊ကွန်မဒိုပြောင်း (၂)လက်၊ MA 1/ MA2/ MA 3 (၇)လက်၊ စနှိုက်ပါ(၁)လက်၊9mm- (၁)လက်၊ငါကြင်းမီး (၁) လက် တို့အား သိမ်းဆည်းမိခဲ့ကြောင်း သိရှိ၇သည်။
ထို့အပြင် အထိုင်စက် (၂)လုံး၊ ကျည်ဘောက်(၃၀)ခုလက်ပစ်ဗုံး (၁၀)လုံး၊ နင်းမိုင်း(၁၀)လုံး၊ အီနာဂါ (၂၀)လုံး၊ RPG အသီး (၃၀) လုံး ၊ 5.56 ကျည်(၃)ထောင်၊ AKကျည်၅၀၀ တောင့် နှင့် ငါးကြင်းမီးကျည် ၁,၅၀၀ တောင့် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိ၇သည်။
မတ်လ၁၂ ရက်နေ့တွင် မနက် (၁)နာရီ ခန့်တွင် တိုက်ပွဲဆုတ်ခွာ စစ်ကောင်စီတပ်နှင့်တောတွင်းတစ်နေရာတွင် ဖယ်ခုံ PDF တပ်ရင်းက ကင်းထောက်တပ်စိပ်နှင့်ထိတွေ့တိုက်ပွဲများ ထပ်မံဖ့စ်ပွားခဲ့ပြီး PKPDF2 က ရဲဘော် ၁ ဦး ကျဆုံးကြောင်း သိရှိ၇သည်။
စစ်ကောင်စီတပ်များသည်ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာဖွင့်ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။(NN - 25)
ဓာတ်ပုံ- ကုရင်တောင်ကြား တိုက်ပွဲသိမ်းဆည်း၇မိ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ