Preview

မတ်လဆန်းပိုင်းတွင် လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု လေးမှုရှိခဲ့၊ လူပေါင်း ၅၂ ဦးအသက်ဆုံးရှုံးခဲ့ရ

မတ် ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :8237
ပြည်တွင်း သတင်း
နိဉ္စရာ၊ မတ်လ ၁ - ၂၀၂၃

စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း နှင့်ရှမ်းပြည်တောင်ပိုင်းတို့တွင်လက်ရှိ မတ်လဆန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏လက်ချက်ဖြင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုပေါင်း လေးခုအထိရှိခဲ့ပြီး လူပေါင်း ၅၂ ဦးအသတ်ခံ၇ကြောင်း NUG ၏ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နမ့်နိမ်းရွာ၌ လူအစုလိုက်အပြုံလိုက်အသတ်ခံ၇သည့်သတင်းနှင့်ပတ်သက်ပြီး မတ်လ ၁၆ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။

‘’လူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဟာလူသားမျိုးနွယ်တစ်ခုလုံးကိုထိခိုက်စေတဲ့ ကျူးလွန်စေတဲ့အမှုမြောက်သလို တနင်္သာရီ၊ ကရင်နီ၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး တို့လိုဒေသတွေမှာ လက် နက်အင်အား လူအင်အားတွေစုဆောင်းတပ်ဆင်ပေးပြီး တင့်ကားတွေကအစပေးပို့ပြီး ပြည်သူလူထုကိုတိုက်ခိုက်ခြင်းဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကိုမြောက်စေတယ်ဆိုတာ ထင်ရှားနေပါတယ်။’’

မတ်လ ၂ ရက်နေ့က စစ်ကိုင်းတိုင်းမြင်းမူမြို့နယ်တာတိုင်ကျေးရွာတွင် ဒေသခံ ၁၇ ဦးအသတ်ခံ၇မှု၊ မတ်လ၃ ရက် နေ့တွင် စစ်ကိုင်းတိုင်းဝက်လက်မြို့နယ် ကျီးကန်တောင်နှင့် ကျီးကန်မြောက်ရွာတွင် ဒေသခံ ၆ ဦး အသတ်ခံ၇မှု၊ မတ်လ ၄ ရက်နေ့က တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊အောက်ကျောက် ဝပ်ရွာတွင် ဒေသခံ ၆ ဦး အသတ်ခံ၇မှု၊ မတ်လ ၁၁ ရက်နေ့တွင်ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ် နမ့်နိမ်းရွာတွင်ဒေသခံ ၂၂ ဦး အသတ်ခံရမှု အစရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသအနှံ့တွင် ပြည်သူများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေကြောင်းလည်း ရှင်းပြသည်။

အဆိုပါဖြစ်စဉ်များကိုမြေပြင်ကွင်းဆင်းမှတ်တမ်း၇ယူသည့်အဖွဲ့များနှင့်ပူးပေါင်းကာ အကြိမ်ကြိမ်စိစစ် ပြီးနိုင်ငံတကာအဖွဲ့အစည်းများထံ တင်ပြခြင်းဖြစ်ကြောင်း၊ ယင်းအဖွဲ့များကလည်း မှတ်တမ်းများ ထပ် မံစစ်ဆေးခြင်းများပြုလုပ်ကြောင်း၊ နောက်ပိုင်းတွင် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးတင်ပြသည့် နည်း လမ်းများပါလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

ယခုမတ်လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီသည်သူ၏စစ်တပ်ကို စစ်ရေးပြင်ဆင်မှုများ၊ စစ်ကြောင်းထိုးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် ကရင်နီ၊ စစ်ကိုင်း၊ ချင်း၊ မကွေး စသည့်ဒေသများ၌ရိက္ခါများ၊ လူအင်အားများ ပို့ဆောင်ပေးကာ စစ်ရေးပြင်ဆင်လာသည်ကိုသတိပြုဆင်ခြင်ရန် လိုကြောင်း၊ မြို့နယ်များကိုလည်း စစ်အုပ်ချုပ်ရေးကြေညာပြဌာန်းပြီ ထင်သလို လူသတ်ပိုင်ခွင့်၊ ထင်သလို လူ့အခွင့်အရေး ချိုးဖောက်ပိုင်ခွင့်များ ပေးထားသည်ကို အားလုံးသဘောပေါက်ရန်လိုအပ်ကြောင်းလည်း ထပ်မံသတိပေးပြောကြားသည်။

အရပ်သားပြည်သူ ငါးဦးနှင့်အထက်အသတ်ခံရပါ လူအစုလိုက်အပြုံလိုက်အသတ်ခံ၇မှု မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး၇ NUG က သတ်မှတ်ထားသည်ဟု သိ၇သည်။   

စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ် ဖွဲ့ဝင်များက တစ်နိုင်ငံလုံးတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း၆၄ ကြိမ် ကျူးလွန်ခဲ့ပြီး ၇၆၆ ဦး အသတ်ခံခဲ့၇ကြောင်း NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ်လ၁၅ ရက်နေ့တွင် ထုတ် ပြန်ထားသည်။NN - 24

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.