Preview

မုံရွာမြို့ ထနောင်းတောရွာ၌ အိမ် ၆၀ ကျော် မီးရှို့ခံရပြီး သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံး

မတ် ၁၆/ ၂၀၂၃ | ကြည့်ရှုသူ :5164
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ်လ ၁၆/ ၂၀၂၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတောရွာတွင် မတ်လ ၁၅ ရက်နေ့ မနက် နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အိမ်ခြေ ၆၀ ကျော် မီးရှို့ခဲ့ပြီး သက်ကြီးရွယ်အို ဦး မီးထဲပါ သေဆုံးခဲ့ကြောင်း ဒေသခံ များ ပြောပြချက်အ၇ သိရှိ၇သည်။

 

ဟိုစစ်ကောင်စီတပ်သားတွေ မီးလာရှို့တာ။ ထွက်ပြေးကြ၇တော့ပေါ။ မထွက်ပြေးနိုင်တဲ့ အဖိုးတို့ အဖွားတို့တော့ မီးလောင်သေဆုံးခဲ့၇တယ်ဟု ထနောင်း ဒေသခံ တစ်ဦးက ပြောသည်။

 

မီးရှိုခံ၇မှုတွင် အသက် ၈၀ အရွယ်ရှိ အဖွား ဦးနှင့် အသက် ၆၀ ကျော် အဘိုး ဦးတို့ မီးလောင်သည့် အထဲတွင် သေဆုံးခဲ့ကြောင်း သိရှိ၇သည်။

 

အဆိုပါရွာထဲသို့ စစ်ကောင်စီတပ်များသည် ရွာအရှေ့ဖက်မှ သေနတ်များဖြင့် ပစ်ဖောက်ဝင်ရောက်လာ ပြီး ရွာထဲရှိနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်းနှင့် ညောင်ပင်စောက် တာဝါတိုင်ဘက်ကို သေနတ်ပစ် ခတ်မှုများ ပြုလုပ်ခဲ့သေးကြောင်း မြင်တွေ့ခဲ့၇သည့် ဒေသခံများက ပြောသည်။

 

ထနောင်းတောရွာသည် အိမ်ခြေ ၂၅၀ ကျော်ရှိပြီး စစ်ကောင်စီတပ်များဝင်ရောက်လာချိန်တွင် ဒေသခံ များအနေနှင့် ယင်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ကြ၇ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြန်လည်ထွက်သွားချိန်မှသာ မီးငြိမ်းသတ်ခဲ့၇ကြောင်း သိရှိ၇သည်။

 

အဲ့ကောင်တွေ ပြန်ထွက်သွားပြီတဲ့အချိန်လောက်မှ မီးသတ်၇တာပေါ့၊ မီးသတ်တဲ့အချိန် အဖိုးနဲ့ အဖွား ကို ကယ်တာပဲ ဘယ်၇တော့မလဲဗျာ အသက်ဆုံးနေပြီးဟု ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင် ရောက်လာပြီး ပြန်ထွက်သွားချိန် တိမ်းရှောင်ခဲ့သော ဒေသခံ တစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလပိုင်းအတွင်းကလည်း ထနောင်းတော (မြောက်ရွာ) က နေအိမ် လုံးနှင့် တောင်ရွာက နေအိမ် လုံးကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြသေးသည်။

 

 (NN– 25)

ဓာတ်ပုံ - မီးရှို့ခံ၇သည့် ထနောင်းတော (တောင်ရွာ) နေအိမ်များနှင့် မီးလောင်မှုအတွင်း သေဆုံးရုပ်အလောင်း (မုံရွာ -အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.