Preview

စစ်ကောင်စီမှ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်သည့် ကုမ္ပဏီ ၂၀ ၏ လိုင်စင်များ ရုပ်သိမ်း

မတ် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :7866
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ်လ ၁၇/ ၂၀၂၃

 

စစ်ကောင်စီမှ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်၇ထားသည့် ပြည်တွင်းက ကုမ္ပဏီ ၂၀ လုပ်ငန်းလိုင်စင်အား ရုပ်သိမ်းလိုက်ကြောင်း သိရှိ၇သည်။

 

ရုပ်သိမ်းခံ၇သည့် ကုမ္ပဏီများသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြား ချက်များကို လိုက်နာမှုမရှိသဖြင့် ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အ၇ ရုပ်သိမ်း၇ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

 

ရုပ်သိမ်းခံ၇သည့် ကုမ္ပဏီများထဲတွင် Oake Khaung Travel & Tours Co.,Ltd SenjoRoyal Myanmar Co.,Ltd Dawei Popular Co.,Ltd Zam Myo Co.,Ltd Phyp Thet (PT) Co.,Ltd Sky Bound Co.,Ltd Myanmar MCG Corporation Ltd Htwe and Htwe FamilyCo.,Ltd Won Won Co.,Ltd နှင့် United Eleven Co.,Ltd တို့ ပါဝင်ကြောင်း သိရှိ၇သည်။ 

 

အခုခေတ်မှာ သူတို့ သဘောပဲ၊ ပိတ်တော့လဲ ပိတ်လိုက်တာပေါ့။ အရေးကြီးခွင်ကျယ်လုပ်လို့ဗျာ။ ဘာကို အမိ်န့် ညွှန်ကြားချက်တွေနဲ့ မလိုက်နာတာလဲ မသိပါဘူးဗျာဟု လိုင်စင်ရုပ်သိမ်းခံ၇သည့် ကုမ္ပဏီ တစ်ခုက ပြောသည်။

 

ထိုအပြင် Tun Yama Co.,LtdMyanmar Alinkar Hotel Group Co.,Ltd Cartel Co.,Ltd Super Phoneix Co.,Ltd Golden Falcon Shipping Co.,Ltd Fairness Travels &Tours Co.,Ltd Yadanar Bon Travel & Tours Co.,Ltd MaynmarNational Airlines Co.,Ltd Dewant Financial Loan Microfinance Co.,Ltd နှင့် Treasure Su Co.,Ltd တို့လည်း လိုင်စင်ရုပ်သိမ်းခံ၇သည့် အထဲတွင် ပါဝင်ကြောင်း သိရှိ၇သည်။

 

အဆိုပါ လိုင်စင်ရုပ်သိမ်းခံ၇သည့် ကုမ္ပဏီများ၏ စာရင်းကို မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် အမှတ် (/ ၂၀၂၃) ဖြင့် ထုတ်ပြန်ကြေညာ ထားခဲ့ခြင်းဖြစ်သည်။ (NN – 25)

 

ဓာတ်ပုံ - လိုင်စင် ရုပ်သိမ်းခံ၇သည့် ကုမ္ပဏီများ စာရင်း

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.