Preview

ရန်ကုန် သာကေတမြို့နယ်တွင် ရဲတစ်ဦး သေနတ်နှင့်အပစ်ခံရပြီးသေဆုံး

မတ် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :1170
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ်လ ၁၇/ ၂၀၂၃

ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ယနေ့ မတ်လ ၁ရရက်နေ့ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့က နယ်ထိန်းတစ်ဦးအပါအဝင် ၃ ဦး သေနတ်နှင့် ပစ်ခတ်ခံ၇သည့်အတွက်တစ်ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အစောကလေးတင်ဖြစ်တာ ရဲစခန်းရှေ့ မိတ္တူဆိုင်နားမှာတင်ဖြစ်တာဗျ။ တစ်ဦးတော့ ပွဲချင်းပြီးပဲဟု သာကေတ အဝိုင်းအနီး နေထိုင်သူတစ်ဦးက သူမြင်တွေ့၇မှုကို ပြောသည်။

သာကေတမြို့နယ် ဧရာဝဏ်လမ်းမပေါ် ဂတ်စ်ဆိုင်အနီးမိတ္တူဆိုင်အတွင်းသို့ သေနတ်သမားများက ဝင် ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပစ်ခတ်မှုကြောင့်နယ်ထိန်းဆိုသူမှာ အခင်းဖြစ်ရာနေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံတချို့ကပြောသည်။

ထိုသို့ ပစ်ခတ်ခံ၇မှုကြောင့် အခြားစစ်ကောင်စီလက်အောက်ခံ ၂ ဦးလည်း သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရကြောင်းသိရှိ၇သည်။

အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း၌ပင်စစ်ကောင်စီတပ်များရောက်ရှိလာပြီး မြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး စစ်ကားများနှင့် မြို့တွင်းလှည့်လည်ကင်းလှည့်နေကြောင်းလည်း သိ ၇သည်။

မြို့ နယ်အတွင်း တင်းကြပ်စွာစစ်ဆေးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိ၇သည်။

(NN– 25)

ဓာတ်ပုံ - သာကေတ မြို့နယ်ဆိုင်းဘုတ် (Credit)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.